မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၂၅


ပြည်ထောင်စုနယ်မြေ   နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယဗုဒ္ဓဥယျာဉ်     ဝတ္ထု ကံတော်အတွင်းရှိ    မာရဝိဇယ ကျောင်းတော်   ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယကျောင်းတော်၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူ ကြူလှတို့      တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ   ဆက်ကပ်လှူဒါန်း သည်။


အခမ်းအနားသို့ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်  ပဓာန နာယက  အဘိဓဇ  မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသည့် ဆရာ တော်ကြီးများနှင့်    မာရဝိဇယ ကျောင်းတော်တွင်  သီတင်းသုံး တော်မူကြသည့် ဆရာတော်ကြီး များ ကြွရောက်ချီးမြှင့်တော်မူကြ ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူ လှတို့နှင့်အတူ ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊  ကောင်စီဝင်များနှင့်    ဇနီး များ၊   ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်    ကောင်စီဥက္ကဋ္ဌ၊  တပ်မတော်  အရာရှိကြီးများနှင့် ဇနီးများ၊    နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်   တာဝန် ရှိသူများ တက်ရောက်ကြသည်။ 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်က မာရဝိဇယကျောင်း ဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား    မြသပိတ်ဆွမ်း တော်၊ သစ်သီးနှင့်ပန်းမန်၊ သောက် တော်ရေချမ်းများ  ကပ်လှူပူဇော် သည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား   တက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံ မာရဝိဇယ ကျောင်းတော်ကြီးသို့ လှူဒါန်းရန်ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ပဒေသာပင်များကို လှည့်လည်ကြည့်ရှုကြသည်။


ယင်းနောက် အခမ်းအနားကို “နမောတဿ”  သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့      ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သည့်   ဧည့်ပရိသတ်အပေါင်းတို့ သည် ပေါက်မြိုင်ဆရာတော်ကြီး ထံမှ ငါးပါးသီလခံယူဆောက်တည် ၍ သံဃာတော်အရှင်သူမြတ်များ  ရွတ်ပွား  သရဇ္ဈာယ်တော်မူသော မေတ္တသုတ်   ပရိတ်တရားတော် များကိုနာယူကြသည်။


ဆက်လက်၍     နိုင်ငံတော် စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီးတို့ သည်  ပေါက်မြိုင်ဆရာတော်ကြီး ထံ  ကထိန်သင်္ကန်းနှင့်  လှူဖွယ် ပစ္စည်းများကို    လည်းကောင်း၊ ကထိန်အလှူခံ မာရဝိဇယကျောင်း တော်   ကျောင်းထိုင်ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နေမိန္ဒ ထံ ကထိန်လျာသင်္ကန်းနှင့်   လှူ ဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များက ဆရာတော်၊ သံဃာတော် များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက်         နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်   အပေါင်းတို့သည် ပျဉ်းမနားမြို့    ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ  ပရိယတ္တိစာသင် တိုက် ပဓာနနာယက   အဂ္ဂမဟာ ပဏ္ဍိတ  အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော် ကြီးထံမှ   အနုမောဒနာ    တရား နာကြားသည်။


ဆက်လက်၍     မာရဝိဇယ ကျောင်းထိုင်    ဆရာတော်ကြီးထံ မှ    ရေစက်သွန်းချတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း    အမျှပေးဝေကြ သည်။


ထို့နောက်    အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”  သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းလိုက်ပြီး အခမ်းအနား အောင်မြင်ခြင်း   အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။    အခမ်း အနားအပြီးတွင်     ပေါက်မြိုင် ဆရာတော်ကြီး    အမှူးပြုသည့် ဆရာတော်၊     သံဃာတော်များ အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်