မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ စက်တင်ဘာ ၄ ရက်မှစ၍ လူဝင်ကြေး အခမဲ့ဖြင့် ဆက်လက်ဝင်ရောက်ဖူးမြော်ကြည်ညိုနိုင်

 

နေပြည်တော်   စက်တင်ဘာ   ၂


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ စတင်၍ ရဟန်းရှင်လူပြည်သူများအား အခမဲ့ဖူးမြော် ကြည်ညိုခွင့်ပြုပေးခဲ့ကာ နေ့စဉ် နိုင်ငံတစ်ဝန်းမှ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ နှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။


စက်တင်ဘာ ၄ ရက်မှစ၍ လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး  ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်  လိုအပ်သည့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ရေးအတွက် ဖော်ပြပါနှုန်းထားများအတိုင်း သတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်-


(၁)    လူဝင်ကြေး (အခမဲ့)    -                         အခမဲ့။
(၂)    ဖုန်း ၁ လုံး(ကင်မရာအပါ)    -       ၁၀၀၀/-ကျပ်။
    (ကင်မရာပါသောဖုန်းများသာကောက်ခံပြီး                                                        Keypad ဖုန်းများမကောက်ခံပါ)
(၃)    အပျော်ရိုက်ကင်မရာ    -       ၅၀၀၀/-ကျပ်။
(၄)    အလှဓာတ်ပုံရိုက်/ Video (Pre Wedding အပါအဝင်)    -        ၅၀၀၀၀/-ကျပ်။
    (၂ နာရီ) (နာရီဝက်ပိုတိုင်း - ၅,၀၀၀ကျပ်)
(၅)    ဥယျာဉ်တော်အတွင်းယာဉ်ရပ်နားကွင်း ယာဉ်ငယ် ၁ စီး    -     ၂၀၀၀၀/-ကျပ်။
    (အိမ်စီးယာဉ်ငယ်များကိုသာ ဥယျာဉ်တော်အတွင်းဝင်ခွင့်ပြုပါသည်။             
    ယာဉ်ကြီးနှင့် ဆိုင်ကယ်များ ဥယျာဉ်တော်ပြင်ပတွင် ရပ်နားရန်။)
(၆)    Buggy စီးနင်းခြင်း    ။    အသက်အရွယ်ကြီးရင့်သူများနှင့်   ကျန်းမာရေးမကောင်းသူများ အတွက်သာ Buggy အခမဲ့စီးနင်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါကြောင်း မေတ္တာရပ်ခံအသိပေးအပ် ပါသည်။    

သတင်းစဉ်