မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဩဂုတ်လ ၈ ရက်မှ ၁၆ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြုသွားမည်

 

နေပြည်တော်    ဩဂုတ်     ၄


ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်  ဝတ္ထုကံတော်တွင်  တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မှု   ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်  အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက  အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာ ရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အောင်ပွဲမင်္ဂလာ     ကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများကို  ဩဂုတ် ၁ ရက် ၊  ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်သည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊  တံတား၊  ဥယျာဉ်များ   ပြည့်စုံစွာ  ဖြင့်   ထည့်သွင်းတည်ဆောက်ထားရှိပြီး   ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်နှင့်   ရုပ်ပွားတော်မြတ်ကြီးအား   စိတ်အေးချမ်းသာ စွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊  ရေပန်းရင်ပြင်၊  မာရဝိဇယကျောင်းတော်၊   အဂ္ဂါဓိပတိသသာနာ့ ဗိမာန်တော်ကြီးနှင့်   ဘုရားဖူးလာမိဘပြည်သူများအနေဖြင့်   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင်  ပိဋကတ်သုံးပုံ တော်လာ  အဋ္ဌကထာဋီကာကျမ်းစာများကို  တစ်ပါတည်းလေ့လာ  နာယူကြည်ညိုနိုင်ရေး    စကျင်ကျောက်ချပ်များပေါ်၌    ခေတ်မီ စက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီ ၇၂၀ ကိုလည်း ထည့်သွင်းတည်ဆောက်ထားရှိပါသည်။


ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာ ရုံစေတီတော်များအား   ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်  ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများ ပြုလုပ်   ရာတွင် အသုံးပြုခဲ့သည့် မဏ္ဍပ်တော်များနှင့် အသုံးအဆောင်ပစ္စည်း များကို ပြန်လည်သိမ်းဆည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။


သို့ဖြစ်ပါ၍   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍   ၁၆ ရက်နေ့အထိ   လုံခြုံရေးအရ   လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ    အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း  နိဗ္ဗာန်အကျိုးမျှော်၍  အသိပေးနှိုးဆော်အပ်ပါ သည်။                    

 သတင်းစဉ်