
နေပြည်တော် စက်တင်ဘာ ၁၃
နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော် အတွင်း တည်ထားကိုးကွယ်တော် မူသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ် ဦးဆောင်သည့် အာရှနှင့် ပစိဖိတ်ဒေသတွင်း ဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင် အင်ဂျင်နီယာများ လာရောက် ဖူးမြော်လေ့လာကြသည်။
အာရှနှင့် ပစိဖိတ်ဒေသတွင်း ဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ အဖွဲ့ဝင် အင်ဂျင်နီယာများသည် မြန်မာ နိုင်ငံ၌ စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင် နီယာများအဖွဲ့ချုပ် အထွေထွေ ညီလာခံနှင့် (၇) ကြိမ်မြောက် ဂုဏ်ထူးဆောင် ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ ပြီး အစည်းအဝေးပြီးမြောက်ချိန် တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ထားရှိမှု ဗိသုကာလက်ရာ များကို လေ့လာရန်အတွက် အစီ အစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာကြရာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရေး ဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာ အဖွဲ့မှ တာဝန်ရှိသူများနှင့် ဘုရား ကြီးစီမံခန့်ခွဲရေး အဖွဲ့ဝင်များက ကြိုဆိုကြပြီး ယာယီရှင်းလင်း ဆောင်၌ တာဝန်ရှိသူတစ်ဦးက ပါဠိ/ မြန်မာ၊ ပါဠိ/ ရိုမန် အက္ခရာ နှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိ တော် ၅၃ ကျမ်း(အုပ် ၄၀)တို့ကို နိုင်ငံတကာ ကျမ်းစာများအတိုင်း အဆင့်မီပုံနှိပ်၍ ပြည်တွင်းပြည်ပရှိ ဗုဒ္ဓတက္ကသိုလ်ကြီးများ၊ သာသနာ ပြုကျောင်းများ၊ စာသင်တိုက်များ နှင့် ဘုန်းတော်ကြီးကျောင်းများ သို့ လှူဒါန်းနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ကျမ်းစာအုပ်များကို လှူဒါန်းလိုသည့် အလှူရှင်များ အနေဖြင့်လည်း ထည့်ဝင်လှူဒါန်း နိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ဆက်လက်ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရေးဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရုပ်ပွား တော်မြတ်ကြီး တည်ထား ကိုးကွယ်ရေးနှင့်ပတ်သက်သည့် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ဒီဇိုင်းတွက်ချက်မှု လုပ်ငန်းအဆင့် ဆင့်နှင့် စကျင်ကျောက်တုံးတော် ကြီး တွဲဆက်ရေးလုပ်ငန်း အဆင့် ဆင့် ဆောင်ရွက်ခဲ့မှုအခြေအနေ များနှင့် ဆင်းတုတော်ကြီးအား ပင့်ဆောင်ခြင်း၊ ပင့်ထောင်ပူဇော် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး လေ့လာရေးအဖွဲ့များ၏ သိရှိလိုသည်များကို ပြန်လည် ဖြေကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ များက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ ဂန္ဓကုဋိတိုက် များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒ ကန်နှင့် နဂါးရုံဘုရား၊ ရေပန်း ရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်း တော်နှင့် ကျောက်စာရုံစေတီ တော်များ အပါအဝင် အခြား ဘာသာရေးဆိုင်ရာ အဆောက် အဦများနှင့် ဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ကြ ရာ တာဝန်ရှိသူများက ရှင်းလင်း ပြသသည်။
အဆိုပါ လေ့လာရေးအဖွဲ့ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေး ရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံ စသည့် နိုင်ငံအသီးသီးမှ နိုင်ငံခြားသား အင်ဂျင်နီယာပညာရှင် ၂၆ ဦးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ မှ အဖွဲ့ဝင် ၅၄ ဦး စုစုပေါင်း အဖွဲ့ ဝင် ၈၀ ပါဝင်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်