
နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ် တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်နေမှုအခြေအနေများကို နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး များဖြစ်ကြသည့် ဘဒ္ဒန္တ သုဇနပိယ၊ ဘဒ္ဒန္တသာဂရဘိဝံသ တို့ ဦးဆောင် သော မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာ တော် စုစုပေါင်း ၁၅၅ ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက် လေ့လာ ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ဆရာတော်၊ သံဃာ တော်ကြီးများအား ရှင်းလင်း ဆောင်၌ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရ သည့် ရည်ရွယ်ချက်၊ ရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်နိုင် ရေး စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခဲ့ရမှုနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်း ကြောင်းတို့မှ အဆင့်ဆင့်ပင့်ဆောင် ခဲ့ရမှု၊ ဆင်းတုတော် အပိုင်း (၁/၂/၃/၄) တို့ကို ထုဆစ်ပုံဖော် ခဲ့မှုနှင့် ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက်ကာ ပင့်ထောင်ခြင်းနှင့် ပင့်ဆောင် နေရာချထားခြင်း လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊ ဗုဒ္ဓ ဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြည် သာယာ လှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုး ဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများ ထည့်သွင်း တည်ဆောက်လျက်ရှိမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေ အနေများကို ရှင်းလင်းလျှောက် ထားသည်။
ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ပလ္လင်တော် တည် ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်းရှိ သာသနိက အဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည် ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာ လင်းနှင့် ဇနီး၊ တာဝန်ရှိသူများ သည် ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့် အချိုပွဲများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ အနုမောဒနာ တရားနာယူ ကြသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ဩဝါဒခံယူ ခဲ့ကြသည့် ၂၀၂၂ - ၂၀၂၃ ပညာ သင်နှစ် လူရည်ချွန်မောင်မယ် များသည်လည်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှု အခြေအနေများ နှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိက အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေ အနေများကို လာရောက်ဖူးမြော် ကြည်ညိုလေ့လာခဲ့ကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်