မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုများအား စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့ လေ့လာဖူးမြော်ကြည်ညို

 

နေပြည်တော်   မေ  ၅


ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ဒက္ခိဏသီရိ မြို့နယ်ဗုဒ္ဓဥယျာဉ်တော်အတွင်း    တည်ဆောက် ပူဇော်လျက်ရှိသည့်    မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ     အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော မြန်မာနိုင်ငံဆိုင်ရာ      ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV တို့ပါဝင်သောအဖွဲ့သည်  ယနေ့မွန်းလွဲပိုင်းတွင် လာ ရောက် လေ့လာဖူးမြော်ကြည်ညိုကြသည်။

 


ထိုသို့  လေ့လာဖူးမြော်ကြည်ညိုကြသည့် အဖွဲ့ များအား တာဝန်ရှိသူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား    တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊   တည်ထားကိုးကွယ်ရန်   စကျင် ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံးတော်ကြီးအစိတ်အပိုင်းများကို ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်းတို့ဖြင့်  ပင့်ဆောင်ခဲ့ရမှု အခြေအနေများ၊       ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အားထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့          ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင်    ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား    ပင့်ဆောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း    လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု အခြေအနေများ၊ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီးနှင့်   သာသနိကအဆောက်အဦ စိမ်းလန်းစိုပြည်သာယာလှပစေရေး သစ်ပင်၊ ပန်းမန် များစိုက်ပျိုးဆောက်ရွက်နေမှု    အခြေအနေများ၊ သာသနိကအဆောက်အဦများ    ဆောက်လုပ်နေမှု အခြေအနေများကို  ရှင်းလင်းတင်ပြသည်။

 


ထို့နောက် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စင်ကာပူနှင့်  အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့်  ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိက အဆောက်အဦများ     တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုများကို လှည့်လည် လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သတင်းစဉ်