မာရဝိဇယ ကျောက်စာရုံစေတီတော်များကို အင်ဂျင်နီယာပညာရပ်၊ ဗိသုကာပညာရပ်များဖြင့် စနစ်တကျတည်ဆောက်ထားသဖြင့် ကြည်ညိုဖွယ်လေ့လာနိုင်

 

နေပြည်တော်    ဩဂုတ်   ၅


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော်တွင် တည်ထားပူဇော်  အောင်မြင် ခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား   လာရောက်ဖူးမြော်ကြသည့်  ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့်    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  လာရောက် ဖူးမြော်ချိန်တွင်  ပိဋကတ်သုံးပုံတော်လာ      အဋ္ဌကထာ ဋီကာကျမ်းစာများကို ဖတ်ရှု လေ့လာနိုင်ရန်အတွက်    ရုပ်ပွားတော် မြတ်ကြီး၏ ရှေ့မျက်နှာစာတွင် ကျောက် စာရုံစေတီ   အဆူ   ၇၂၀  ကို    စနစ်တကျ  တည်ဆောက်ထားရှိသည်။ ကျောက်စာရုံ စေတီ   တစ်ဆူချင်း၏အတွင်းတွင်  ပါဠိ အက္ခရာ၊     Romanize      Language  တို့ဖြင့်     ရေးထိုးထားသော   ကျောက်စာ နှစ်ချပ်စီအား  လေ့လာဖတ်ရှုနိုင်စေရေး ခေတ်မီစက်ကိရိယာများ    အသုံးပြု၍  ရေးထိုးပူဇော်ထားရှိသည်။


ကျောက်စာရုံစေတီများကို တည်ဆောက်ရာတွင် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ မှ ပညာရှင်များ၊ အခြားအရပ်ဘက်ကျွမ်းကျင်ပညာရှင်များက ခေတ်မီ စက်ပစ္စည်းကိရိယာများအသုံးပြု၍ စနစ်တကျတည်ဆောက်ခဲ့သည့် အတွက် ကျောက်စာရုံစေတီ အဆူ ၇၂၀ အား ရှုထောင့်ပေါင်းစုံမှ သပ္ပါယ် စွာဖြင့် ယခုကဲ့သို့ ကြည်နူးစွာ ဖူးမြော်နိုင်သည်။ 


သို့ဖြစ်ပါ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ရဟန်းရှင်လူ အများပြည်သူများ  ဖူးမြော်ကြည်ညိုနိုင်ရေးအတွက်  ဩဂုတ် ၈ ရက် မှစ၍   ၁၆  ရက်အထိ   လုံခြုံရေးအရ   လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ အခမဲ့ဝင်ရောက်ဖူးမြော်ချိန်၌ ကျောက်စာရုံစေတီတော် များ၏ တရားတော်များနှင့် ဗိသုကာလက်ရာ၊ အင်ဂျင်နီယာ ပညာရပ် များကို ဖူးမြော်လေ့လာနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။                                                   
   

သတင်းစဉ်