လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်း

 

ကျောင်းကုန်း  ဒီဇင်ဘာ   ၃၁


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉)စက်မှုလယ်ယာစခန်း၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃၁ ရက်က ကျင်းပ သည်။

 


ကျောင်းကုန်းမြို့နယ်ရှိ တောင်သူများအနေဖြင့် လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် လက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်ရာတွင် စနစ်တကျမောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ စက်ကိရိ ယာများ ကြံ့ခိုင်မှုအတွက် စနစ်တကျဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သင်တန်းသား ၃၀ အား ၁၂ ရက်ကြာသင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က သင်တန်းသားများ အနေဖြင့် ဆက်လက်လေ့လာဆည်းပူးကြရန် တိုက်တွန်းပြောကြား၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

 


လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု    သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း နှင့်အညီ    ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး  ယခုတက်ရောက်လာသော သင်တန်းသားများက မိမိသင်ကြားတတ်မြောက်မှုကို မိမိတို့ပတ်ဝန်း ကျင်ကျေးရွာရှိ တောင်သူများအား တစ်ဆင့်ပြန်လည်သင်ကြားပေးခြင်း ဖြင့် စက်ကိရိယာများ ပျက်စီးမှုနည်းခြင်း၊ ရာသီချိန်တွင် စက်စွမ်းအား အပြည့် ဆောင်ရွက်နိုင်ခြင်းစသည့် လက်ငင်းအကျိုးကျေးဇူးများရရှိ မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောသည်။  

ဝင်းကြိုင်(ပြန်/ဆက်)