လယ်ဝေးမြို့နယ်၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေ လွှဲပြောင်းပေးအပ်

 

 

လယ်ဝေး   ဩဂုတ်   ၂၇


လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း   (ဆီထွက်သီးနှံ)ရန်ပုံငွေ  လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ဩဂုတ် ၂၅ ရက်က ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တက်ရောက် သည်။

 


နေပြည်တော်ကောင်စီဝင်က စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန် များ     တိုးတက်စေရေးအတွက် မျိုးကောင်း            မျိုးသန့်များ သွင်းအားစုများနှင့် စိုက်ပျိုးစရိတ် ချေးငွေများ        စသည်တို့ကို ထောက်ပံ့          ပေးအပ်လျက်ရှိ ကြောင်း၊ သွင်းအားစုမြေဩဇာများ ကိုလည်း တောင်သူများ  ဈေးနှုန်း သက်သာစွာ    ဝယ်ယူရရှိနိုင်ရေး အတွက် တင်ပြဆောင်ရွက်လျက် ရှိပါကြောင်း၊      တောင်သူများ အနေဖြင့်လည်း  စိုက်ပျိုးရေးဦးစီး ဌာနနှင့်    ချိတ်ဆက်ပြီး    သဘာဝ မြေဩဇာများ       ပြုလုပ်ကာ အသုံးပြုခြင်းဖြင့်      အကုန်အကျ သက်သာမည်ဖြစ်၍          ကြိုးစား ဆောင်ရွက်ကြစေ     လိုကြောင်း ပြောကြားပြီး    လယ်ဝေးမြို့နယ် ကျေးလက်ဒေသ             ဖွံ့ဖြိုး တိုးတက်ရေး          ဦးစီးဌာနမှူး ဦးကျော်သူရက        မြစိမ်းရောင် ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)စီမံကိန်း           လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြကာ           မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းနှင့် မြို့နယ်         စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်တို့က  ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက်   တောင်သူ များအား             အသိပညာပေး ဟောပြောပွဲများ    ဆောင်ရွက်ရန် ဆွေးနွေးသည်။ 

 


ထို့နောက်     နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့်  တာဝန်ရှိသူ များက    မိုးနေကြာနှင့်   ဆောင်း နေကြာ     စိုက်ပျိုးမည့်   ကျေးရွာ ၁၉      ရွာမှ     နေကြာစိုက် တောင်သူများအား      မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ         ပေးအပ်ခဲ့သည်။   ကျေးရွာ ၁၉  ရွာအနက် တစ်ရွာသို့   ကျပ်သိန်း   ၃၀၀၊    နှစ်ရွာသို့ ကျပ်သိန်း ၂၀၀ စီ    နှင့်    ၁၆  ရွာ သို့  ကျပ်သိန်း   ၁၀၀  စီ  ပေးအပ်ခဲ့ ခြင်းဖြစ်သည်။


မြို့နယ် 
(ပြန်/ဆက်)