လူတိုင်းညီမျှ ရိက္ခာရဖို့ အားလုံးပူးပေါင်း လုပ်ဆောင်စို့

Type
5

 

ကိုရင်အောင်မိုး-စိုက်ပျိုးရေး
 

 

လူသားအားလုံး အာဟာရပြည်ဝတဲ့အစားအစာတွေ ဖူဖူလုံလုံ စားသုံးနိုင်ကြဖို့နဲ့ ငတ်မွတ်ခေါင်းပါးမှု၊ အစာရေစာပြတ်လပ်မှုမတွေ လျော့ပါးပပျောက်စေဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဆယ်စုနှစ်၊ ရာစုနှစ်အလိုက် အစီအမံတွေ ရေးဆွဲချမှတ်ဆောင်ရွက်နေကြသော်လည်း ကမ္ဘာ့ကပ်ရောဂါနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုတွေ၊ နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေး နည်းပညာ အားပြိုင်မှုတွေ စတဲ့ အကြောင်းအမျိုးမျိုးရဲ့ သက်ရောက်မှုတွေအောက်တွင် ကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ စားနပ်ရိက္ခာကို စားသုံးခွင့်မရရှိတဲ့ လူဦးရေက တိုး၍ တိုး၍ လာဆဲဖြစ်နေပါတယ်။

 


ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး  တစ်ယောက် မကျန် အာဟာရ ပြည့်ဝသော စားနပ်ရိက္ခာ ရရှိနိုင် တဲ့ ကမ္ဘာကြီးအဖြစ် ရေရှည်တည်တံ့ရပ်တည်နိုင်ဖို့ မှာ  နိုင်ငံတကာအဖွဲ့အစည်းတွေ၊  ဒေသတွင်း  အဖွဲ့ အစည်းတွေနဲ့    တစ်နိုင်ငံချင်း၊   လူသားတစ်ဦး တစ်ယောက်ချင်းက  အပြန်အလှန်   မျှဝေခံစားတတ် သော   ကိုယ်ချင်းစာနာမှု၊    နားလည်ခွင့်လွှတ်မှု၊ အားပေးကူညီမှုတွေနဲ့  စုပေါင်းလုပ်ဆောင်ကြရန် လိုအပ်ဖို့လည်း ဖြစ်ပါတယ်။

 


အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့
အထူးအလေးထားဆောင်ရွက်


စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့   မိမိတို့    မြန်မာနိုင်ငံ အနေနဲ့ ရှိပြီးဖြစ်တဲ့ ရေမြေသဘာဝ အရင်းအမြစ် တွေကို ထိထိရောက်ရောက်အသုံးချပြီး    ကုန်ထုတ် လုပ်မှုတွေ တိုးမြှင့်အောင်    ဆောင်ရွက်နေသလို လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်လာဖို့ အဓိက မောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့တောင်သူလယ်သမားတွေအကြား     အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ကြစေဖို့ နိုင်ငံတော်အစိုးရက အထူးအလေးထား အားပေးဆောင်ရွက်နေတာကို တွေ့မြင်နေရပါတယ်။ အရင်းနှီးရှိသူနဲ့  ထုတ်လုပ် နိုင်စွမ်းရှိသူတို့ကို ပေါင်းစပ်ပေးခြင်း ဖြစ်ပါတယ်။ 

 


နိုင်ငံရဲ့ အဓိက ရိက္ခာစပါး၊   ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံအပြင် ဝတ်ရေးအတွက်   ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေးကို   ဦးစားပေး   ဆောင်ရွက် နေပြီး သွင်းကုန်အစားထိုးနိုင်ရေး ဆောင်ရွက်သလို၊ စားနပ်ရိက္ခာလိုအပ်ချက်ရှိနေတဲ့ နိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်ဖို့၊ စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အကျိုးအမြတ်     ပိုမိုရရှိနိုင်မယ့်      အရည်အသွေး ကောင်း    လယ်ယာထွက်ကုန်တွေ  နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ဖို့၊ ကုန်ချော ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုးလာရေးစတဲ့ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးကိုလည်း စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်နေတာ   တွေ့မြင်ကြရမှာ   ဖြစ်ပါ တယ်။
လယ်ယာကဏ္ဍရဲ့ ထုတ်လုပ်မှုတိုးတက်ရေးကို မည်မျှပင်ကြိုးပမ်း အားထုတ်စေကာမူ နိုင်ငံတစ်ခုရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့    အာဟာရပြည့်ဝရေးဟာ အဲဒီနိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုနဲ့  အာဟာရဆိုင်ရာ နားလည် မှု၊ ကျန်းမာရေးဆိုင်ရာ အသိပညာပြည့်ဝမှုကလည်း များစွာလိုအပ်နေကြောင်း  ပညာရှင်များရဲ့   သုံးသပ် တင်ပြမှုတွေ ရှိနေပါတယ်။

 


စားနပ်ရိက္ခာဖူလုံရေးအတွက် လယ်ယာကုန်ထုတ် လုပ်မှု တိုးမြှင့်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ပညာ ရှင်တွေရဲ့    သုတေသနရလဒ်တွေ၊    လက်တွေ့ ကြုံတွေ့ရမှုတွေအပေါ်      သုံးသပ်ဖော်ထုတ်ပြီး ဖြန့်ဝေပေးနေတဲ့   ခေတ်မီစိုက်ပျိုးရေး   နည်းပညာ တွေ၊ သွင်းအားစုဆိုင်ရာတွေ၊ စိုက်ပျိုးရေ  ရရှိရေးနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဆိုင်ရာ  နည်းစနစ်တွေ၊ အဆင့်မြင့်လယ်ယာမြေ  ဖော်ထုတ်အသုံးပြုရေး၊ စက်မှုလယ်ယာစနစ်   ပီပြင်စွာ   ဖြစ်ပေါ်လာရေး၊ ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်တွေမှာ လိုက်နာ ဆောင်ရွက်ရမယ့် ရိတ်သိမ်းချိန်လွန် နည်းပညာတွေ စတဲ့ လုပ်ငန်းတွေအပေါ် စိုက်ပျိုးထုတ်လုပ်သူတွေ ဘက်က     တိကျစွာ   လိုက်နာဆောင်ရွက်ရမည့် တစ်ဧကချင်း ၊ လူတစ်ဦးချင်းရဲ့    ထုတ်လုပ်မှု တိုးတက်လာရုံသာမက အစားအစာ ဘေးကင်းလုံခြုံ တွေ အာဟာရပြည့်ဝတဲ့ စားသောက်ကုန်တွေ၊ နိုင်ငံ တကာ ဈေးကွက်ဝင်တဲ့အရည်အသွေးမြင့် ထုတ်ကုန် တွေအဖြစ် ထုတ်လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ 

 


အလားတူပါပဲ  ကုန်သွယ်ရာမှာ ဖြစ်ပေါ်နေတဲ့ သီးနှံဖိတ်စင် လေလွင့်မှုတွေ၊     ချက်ပြုတ်စားသုံးမှု တွေမှာ ဖြစ်ပေါ်နေတဲ့ အလေအလွင့်တွေ၊  တန်ဖိုးမဲ့ စွန့်ပစ်မှုတွေ လျှော့ချနိုင်ရေး လုပ်ငန်းတွေမှာလည်း ပူးပေါင်းလုပ်ဆောင်ကြဖို့    လိုအပ်နေပါတယ်။ လူသားအားလုံး   အညီအမျှ   အာဟာရပြည့်ဝဖို့ လူသားအားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း သတိပြုဖို့ လိုအပ်ပါတယ်။

 


ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကိုပိုင်ဆိုင်


လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့်    ခန္ဓာကိုယ်ရဲ့    ခုခံအားစနစ် ကောင်းမွန်စေဖို့        အာဟာရမျှတစွာ     စားသုံးဖို့ အာဟာရဆိုင်ရာနားလည်မှုနဲ့   ကျန်းမာရေးဆိုင်ရာ  အသိပညာတွေ အတန်အသင့်   ပျံ့နှံ့စွာ ရရှိနေကြပြီ ဖြစ်ပါတယ်။ အာဟာရမျှတစွာ    စားသုံးခြင်းနဲ့ သီးနှံတစ်ခုချင်းကရရှိတဲ့ အာဟာရတန်ဖိုး၊ ကျန်းမာ ရေးဆိုင်ရာ အထောက်အကူပြုမှုကို ပိုပြီး ထိထိ ရောက်ရောက် အသုံးချနိုင်ကြမယ်ဆိုရင်  ကူးစက် ရောဂါတွေကို  ခံနိုင်ရည်  ရှိရုံသာမကပဲ ကျန်းမာ ပျော်ရွှင်တဲ့  ဘဝတွေကိုလည်း    ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

 


ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အော်ဂဲနစ်(Organic)ထုတ်ကုန်တွေ    ၊ ဂျီအေပီ(GAP)ကျင့်စဉ်နဲ့ စနစ်တကျထုတ်ထားတဲ့ အသီးအနှံတွေ၊ ဂျီအေအိတ်ပီ (GAHP) နဲ့    မွေးမြူထုတ်လုပ်ထားတဲ့ အသားတွေ၊   ဂျီအေကျူပီ(GAqP)    စံနှုန်းအတိုင်း မွေးမြူထုတ်လုပ်ထားတဲ့ ငါး၊ပုစွန်တွေ စတဲ့အဆင့် မြင့်ထုတ်ကုန်တွေကို   ငွေကြေးတတ်နိုင်သူတွေက ရွေးချယ်ဝယ်ယူ    စားသုံးနိုင်ကြပေမယ့် အခြေခံ လူတန်းစားနဲ့ပြည်သူအများစုကတော့ လက်လှမ်း တမီမှာ ဝယ်ယူရရှိသမျှကိုသာ စားသုံးနေကြရတာ လည်း ဖြစ်ပါတယ်။

 


တစ်ပိုင်တစ်နိုင် ဥယျာဉ်ငယ်လေးများ ထူထောင်


ဒါကြောင့်လည်း မိသားစုတိုင်း တစ်ပိုင်တစ်နိုင် ဥယျာဉ်ငယ်လေးတွေ ထူထောင်စိုက်ပျိုး စားသောက် ကြဖို့၊ မြို့ပြနေမိသားစုတွေ အိမ်ဝရံတာ ပန်းအိုးများ မှာ သီးပင်စားပင်ငယ်တွေ စိုက်ပျိုးစားသောက်သည့် အလေ့အထ   ပြန်လည်ထွန်းကားလာဖို့  အားပေး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခြေအနေပေးသူ တွေအနေနဲ့ ကြက်နဲ့ ဆိတ်  တစ်ပိုင်တစ်နိုင်   မွေးမြူ ရေးကို လုပ်ကိုင်နိုင်ကြမယ်ဆိုရင်  မိသားစုအတွက် အာဟာရပြည့်  ကြက်ဥနဲ့ ဆိတ်နို့တွေကို စားသုံး နိုင်ကြမည်ဖြစ်ပြီး အပိုဝင်ငွေလည်း ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။  ကိုယ်တိုင်စိုက်ပျိုးပြီး  ထွက်ရှိလာတဲ့ အသီးအနှံတွေကို   စားသုံးခြင်းက   ဘေးကင်း အာဟာရပြည့်ဝစေမှာဖြစ်သလို    မိမိမျက်ကွယ်မှာ ပိုးသတ်ဆေးများအပါအဝင်    စိုက်ပျိုးရေးသွင်းအားစု တွေ   အတိုင်းအဆမဲ့   သုံးစွဲထားမှု၊    ရောင်းကုန် မျက်နှာပန်းလှဖို့ သုံးထားတဲ့ ဆိုးဆေးတွေ၊ ကြာရှည် အထားခံဖို့ အသုံးပြုထားတဲ့ ဓာတုဆေးဝါးတွေရဲ့ အန္တရာယ်က   ရှောင်လွှဲနိုင်ကြမှာ   ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးစရိတ် ထွက်ငွေလျှော့ချနိုင်လို့ မိသားစု ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက    ထိန်းသိမ်း ပေးပြီးဖြစ်မှာပါ။

 


အဲဒီလို အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူ၊ ပြည်သူ အားလုံးက   မိမိတို့ကျရာကဏ္ဍက  ပူးပေါင်းပါဝင် လုပ်ဆောင်ကြမှသာ လုံလောက်တဲ့   စားနပ်ရိက္ခာ ပမာဏ ရရှိနိုင်မှု၊ ဈေးနှုန်းသင့်တင့်တဲ့ စားနပ်ရိက္ခာ ရရှိနိုင်မှု၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားနပ်ရိက္ခာရရှိ နိုင်မှုတွေနဲ့ ပြည့်စုံတဲ့ နိုင်ငံတစ်ခုအဖြစ် အောင်အောင် မြင်မြင် ရပ်တည်နိုင်မှာ ဖြစ်သလို “ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင်၊    ကောင်းမွန်  ပြည့်ဝ  အာဟာရ၊ ဝန်းကျင် လှပ တို့ဘဝ၊ လူတိုင်းစေ့င ရရှိကြ” ဆိုတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်နဲ့အညီ လူတိုင်း   အာဟာရပြည့်ဝပြီး   ကောင်းမွန်လှပတဲ့ ဝန်းကျင်ကောင်းကို ပုံဖော်နိုင်လိမ့်မည်ဟု ယုံကြည် မိပါကြောင်း တင်ပြလိုက်ရပါတယ်။     ။