
နေပြည်တော် ဧပြီ ၂၆
ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာ သန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက် သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများ တွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြု လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ သားကောင်းများ ပေါ်ပေါက်လာ စေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသား လူငယ်များ ပြုစုပျိုးထောင်ပေးရန် ဆိုသည့် ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် လူရည်ချွန် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို စာတော်ရုံ သက်သက်မဟုတ်ဘဲ ကျန်းမာ ကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် စာရိတ္တပိုင်းဆိုင်ရာတို့ တွင် ဘက်စုံထူးချွန်သူများကို ကျောင်းအဆင့်၊ မြို့နယ်၊ ခရိုင် အဆင့် အဆင့်ဆင့် စိစစ်ကာ မြန်မာ တစ်နိုင်ငံလုံးအတွက် Grade 9 လူရည်ချွန် ၁၆၀၊ Grade 10 လူရည်ချွန် ၁၆၀၊ Grade 11 လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း လူရည်ချွန် ၄၇၈ ဦး ရွေးချယ် မွေးထုတ်ခဲ့ပြီး အဆိုပါလူရည်ချွန် များအား ဧပြီ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-2) ၌ နိုင်ငံတော် ဝန်ကြီးချုပ်က တွေ့ဆုံကာ ဩဝါဒ စကား မြွက်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် လူရည် ချွန် ကျောင်းသား လူငယ်များ၊ အုပ်ချုပ်သူနည်းပြများ၊ ဆရာ၊ ဆရာမများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဒေါ်ချိုချိုဝင်း
(ညွှန်ကြားရေးမှူး၊ ပညာဌာန-၁)
ဒီနေ့ အခမ်းအနားက တစ်နိုင်ငံလုံးက ရွေးထုတ်လိုက်တဲ့ လူရည်ချွန် မောင်မယ်တွေကို နေပြည်တော်စုရပ်မှာ နိုင်ငံတော် အဆင့် အခမ်းအနားနဲ့ တွေ့ဆုံ ချီးမြှင့်တာဖြစ်တဲ့အတွက် ကလေး တွေအတွက် ဂုဏ်ယူသလို ဝန်ကြီး ဌာနအနေနဲ့လည်း ဂုဏ်ယူ ဝမ်းသာပါတယ်။ လူရည်ချွန် ကျောင်းသား ကျောင်းသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Grade 9 ဆိုရင် ပုဂံ လူရည်ချွန်စခန်း၊ Grade 10 က တောင်ကြီးလူရည်ချွန် စခန်းနဲ့ Grade 11 က ငွေဆောင် လူရည်ချွန်စခန်းကို သွားရောက် မှာဖြစ်ပါတယ်။
သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေက ဂုဏ်ပြုပွဲ တွေ ကျင်းပပေးမှာ ဖြစ်ပါတယ်။ အချင်းချင်း လှုပ်ရှားဆောင်ရွက် ရမယ့်၊ စုပေါင်းဆောင်ရွက်ကြ ရမယ့် အစီအစဉ်တွေလည်း ရှိပါ တယ်။ မီးပုံပွဲတွေ ကျင်းပမယ်။ ဂုဏ်ပြုပွဲ၊ ဖျော်ဖြေပွဲ အစီအစဉ် တွေလည်း ပါဝင်တယ်။ လူရည်ချွန် ကျောင်းသားဟောင်း တွေနဲ့ တွေ့ဆုံပြီး ဗဟုသုတတွေ ဖလှယ် မယ်။ ဒါအပြင် လူရည်ချွန် မောင်မယ်တွေရဲ့ အတွေ့အကြုံ ဖလှယ်တဲ့ ဆွေးနွေးပွဲတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်က လူရည်ချွန် တွေသည် စံပြဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေက အားကျအတုယူပြီး အနာဂတ်နိုင်ငံ့ သားကောင်းတွေ ပေါ်ထွန်းလာစေ ဖို့ဖြစ်ပါတယ်။ လက်ရှိလူရည်ချွန် တွေကလည်း ထပ်မံကြိုးစားဖို့ အတွက် စိတ်ခွန်အားတွေ ရရှိစေ မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတွက် နိုင်ငံ့ခေါင်းဆောင် ကောင်းတွေ ပေါ်ထွန်းလာဖို့ အခြေခံအုတ်မြစ် တစ်ခုပဲဖြစ်ပါ တယ်။ ဒီလိုအစီအစဉ်ကို အကောင် အထည်ဖော်ပေးတဲ့ နိုင်ငံတော် အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနကို အထူး ကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းပံ့ပိုးပေးတဲ့ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ဆက်စပ်ဝန်ကြီးဌာနတွေ၊ အထူး သဖြင့် လူရည်ချွန်ကို မွေးထုတ် လေ့ကျင့်ပေးလိုက်တဲ့ ဆရာ၊ ဆရာမနဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင် ပါတယ်။
ဦးဝင်းမြင့်ဦး (ကျောင်းအုပ်ကြီး၊
အထက-၅၊ နေပြည်တော်)
လူရည်ချွန်မောင်မယ်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဩဝါဒခံယူတဲ့ ပွဲဖြစ်တဲ့အတွက် ဝမ်းသာကြည်နူး မှုဖြစ်ရပါတယ်။ ကျွန်တော်တို့ ကျောင်းက လူရည်ချွန်မှန်းထားတဲ့ ကလေးတွေကို အတန်းအလိုက် နှစ်စကတည်းက ကိုယ်ကာယ ကြံ့ခိုင်မှုကို လေ့ကျင့်ပေးပါတယ်။ စာကိုလည်း သူ့ဘာသာရပ် အလိုက် ဆရာ၊ ဆရာမတွေက သီးသန့်ခွဲထုတ်ပြီး နေ့စဉ်နေ့တိုင်း လေ့ကျင့် သင်ကြားပေးပါတယ်။ လူရည်ချွန်တွေသည် နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အားကိုး အားထားပြုနိုင်မယ့် သူတွေဖြစ် မယ်။ အခုလို လူရည်ချွန်တွေကို မွေးထုတ် ပေးလိုက်တာသည် အနာဂတ်နိုင်ငံတော်ကို ဦးဆောင် ပေးနိုင်မယ့်သူတွေကို ပျိုးထောင် ပေးခြင်းဖြစ်ပါတယ်။ ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို ဒီကလေးတွေသည် နိုင်ငံ့တာဝန် ကို ပခုံးပြောင်း ထမ်းဆောင်ကြ မယ့်သူတွေ ဖြစ်လာမှာပါ။ ပညာ ခေတ်ဖြစ်တဲ့အတွက် ပညာတတ် ထားရင် အခြား နိုင်ငံတွေနဲ့ ရင်ပေါင်းတန်းနိုင်မယ်။ ဒါကြောင့် လူငယ်တွေ၊ သားသမီးတွေကို ပြောချင်တာက ပညာကို ဆုံးခန်း တိုင်အောင် ၊ တတ်အောင်သင်ကြ ပါ။ မိမိဝါသနာပါရာကို ကြိုးစား ဆောင်ရွက်ကြပါလို့ ပြောချင် ပါတယ်။
ဦးဝင်းခိုင် (ကျောင်းအုပ်ကြီး၊ အထက-၆၊ နေပြည်တော်)
နိုင်ငံတစ်နိုင်ငံ ကောင်းဖို့က လူငယ်တွေ ကောင်းဖို့လိုပါတယ်။ လူရည်ချွန်တွေက လူငယ်တွေ ဖြစ်ပါတယ်။ လူငယ်တွေကို ကျွန်တော်တို့ လူတော်တွေဖြစ် အောင် မွေးထုတ်ပြီးပြီ။ လူကောင်း တွေဖြစ်အောင် သွန်သင်လိုက် ပြီးပြီ။ လူတော်လူကောင်းဖြစ်နေ ရင် သူတို့လူကြီးတွေ ဖြစ်လာတဲ့ အခါ သေချာပေါက် လူကောင်း လူကြီးတွေဖြစ်မှာပါပဲ။ လူရည်ချွန် ရွေးတာကို ကလေးတွေလည်း စိတ်ဝင်စားပါတယ်။ ကျောင်းတိုင်း မှာ ကလေးတိုင်းက လူရည်ချွန် ဖြစ်ချင်တဲ့ ဆန္ဒရှိကြပါတယ်။ လူတော် လူကောင်းတွေဖြစ် အောင် ကြိုးစားနေတဲ့ကလေးတွေ အများကြီးရှိလာတယ်လို့ ပြောလို့ ရပါတယ်။ အခြေခံပညာမှာ လူငယ်ကလေးတွေမှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတွေကို စစ်ထုတ်ပြီး ရွေးချယ်လာတာ ဖြစ်တဲ့အတွက် ဒီလိုတော်တဲ့ ကလေးတွေကို နိုင်ငံတော်အကြီး အကဲက ဂုဏ်ပြုတာကို ဂုဏ်ယူ ပါတယ်။ နောင်လည်း ဒီလိုလူရည် ချွန်လူငယ်တွေ မွေးထုတ်နိုင်မယ် ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မယ့် လူကြီး တွေဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။
ဒေါ်သက်ရည်ဦး
(အထက-၁၊ ထားဝယ်၊
ပုဂံလူရည်ချွန်စခန်း အဖွဲ့ ၅
အုပ်ချုပ်သူ)
နိုင်ငံရဲ့အနာဂတ် သားကောင်း ရတနာလူငယ်တွေကို ပျိုးထောင် တဲ့ လူရည်ချွန်စခန်းမှာ ကြီးကြပ် လိုက်ပါရမှာ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံတော် အတွက် အားထားရမယ့်လူကောင်း လူမွန်တွေ ဖြစ်လာဖို့အတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လူတော် ဖြစ်တိုင်း လူကောင်းမဖြစ်ပါဘူး။ အခုခေတ်က IQ ၊ EQ နဲ့ အသိ ဉာဏ်ပညာတွေ ပိုမိုတိုးတက်ဖို့ လိုအပ်လာတဲ့အတွက် လူရည်ချွန် အခန်းကဏ္ဍက ပိုပြီးအရေးကြီး လာတယ်လို့ မြင်ပါတယ်။ တိုင်းပြည်အတွက် အားကိုးရမယ့် လူရည်ချွန်မောင်မယ်တွေ များစွာ ပေါ်ပေါက်လာပါစေလို့ ဆန္ဒပြု ပါတယ်။
မခြူးမြတ်စန္ဒီ
(အထက-၅၊ နေပြည်တော်၊
နှစ်ထပ်ကွမ်း လူရည်ချွန်)
ဒီနေ့ အခမ်းအနားမှာ နိုင်ငံ တော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှု တွေကို လိုက်နာမှတ်သားပြီး အနာဂတ်ဘဝ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ငွေဆောင် လူရည်ချွန်စခန်းကို လေ့လာရေး သွားရမှာဖြစ်ပြီး လူရည်ချွန် မောင်မယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်မှုတွေ တိုးတက် လာမယ်လို့ထင်ပါတယ်။ ဒေသန္တရ ဗဟုသုတွေကို လေ့လာမှတ်သား ပြီး ချစ်ဖွယ်ကောင်းတဲ့ တိုင်းရင်း သား ဒေသခံတွေရဲ့ ဘဝတွေကို လေ့လာမှတ်သားမယ်။ ဗဟုသုတ တွေ များစွာရရှိမယ်လို့ မျှော်လင့် ပါတယ်။ မောင်လေး၊ ညီမလေး တွေကို ပြောချင်တာက ဘဝမှာ ကြိုးစားပါ။ အခက်အခဲတွေက အမြဲရှိနေမှာပါ။ ကျရှုံးလည်း လက်မလျှော့ဘဲ ဇွဲရှိရှိနဲ့ ထပ်ပြီး ကြိုးစားပါလို့ ပြောချင်ပါတယ်။ လူရည်ချွန်ဖြစ်မှ တော်တာမဟုတ် ပါဘူး။ ဘဝမှာ တိုးတက်ရာ လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းပြီး အကောင်းဆုံး ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
မသင်းသန္တာအောင်
(အထက-၁၊ ဟုမ္မလင်း၊
နှစ်ထပ်ကွမ်း လူရည်ချွန်)
လူရည်ချွန်စီမံကိန်းရှိတယ်လို့ ကြားတဲ့အတွက် ရည်မှန်းချက် ထားပြီး ကြိုးစားခဲ့ပါတယ်။ သမီး တို့ ငယ်ငယ်က ကျောင်းမှာ သုံးထပ်ကွမ်း လူရည်ချွန်တွေ ထွက်ပေါ်ခဲ့တယ်။ အဲဒီကတည်း က သူတို့လို လူရည်ချွန်ဖြစ်ချင်တဲ့ စိတ်နဲ့ ကြိုးစားခဲ့တယ်။ တစ်နိုင်ငံ လုံးက လူရည်ချွန်တွေနဲ့ အခုလို ဆုံတွေ့ရတဲ့အတွက်လည်း ဝမ်းသာ ပါတယ်။ လူရည်ချွန်ဖြစ်ရတာ ဂုဏ်ယူစရာပါ။ ကျောင်းသားဘဝ မှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက် နိုင်တယ်လို့ ထင်ပါတယ်။ လူရည် ချွန် ရွေးတာက စာပေတစ်ခုတည်း ထူးချွန်လို့မရပါဘူး။ အားကစား၊ လူမှုပေါင်းသင်း ဆက်ဆံရေး၊ အကျင့်စာရိတ္တ ဘက်ပေါင်းစုံ လိုအပ်ပါတယ်။ သမီးက အင်္ဂလိပ် စာကို စိတ်ဝင်စားတော့ အင်္ဂလိပ် ဆရာမ ဖြစ်ချင်ပါတယ်။ လူရည် ချွန် စီမံကိန်း နှစ်တွေအကြာကြီး ရှိပြီး လူရည်ချွန်မောင်မယ် အသစ်တွေ အများကြီး မွေးထုတ် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
မောင်ဝေယံမြင့်အောင်
(အထက-၆၊ နေပြည်တော်)
လူရည်ချွန်ဝင်ပြိုင်ဖို့ ကျောင်း က ဆရာ၊ ဆရာမတွေ သင်ကြား တဲ့ သင်ခန်းစာတွေကို သေချာ လေ့လာသင်ယူမှတ်သားပါတယ်။ သင်ခန်းစာကို တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် လေ့လာပါတယ်။ ဒါ့အပြင် ကျောင်းပိတ်ရက်မှာ တစ်ပတ်လုံးသင်ထားတဲ့ စာတွေ ကို ပြန်လေ့လာတယ်။ ဗဟုသုတ တွေကိုလည်း လက်လှမ်းမီ သလောက် သတင်းစာတွေ၊ စာအုပ် တွေကို စုဆောင်းပြီး လေ့လာ မှတ်သားပါတယ်။ ကျန်းမာရေးက အရေးကြီးတဲ့အတွက် အားကစား ကိုတော့ နေ့စဉ်ပုံမှန်လုပ်ဆောင် ပါတယ်။ အနာဂတ် မျှော်မှန်း ချက်အနေနဲ့ နိုင်ငံအတွက် ရင်သွေးလေးတွေကို မွေးထုတ် ပေးတဲ့ ကလေးအထူးကုဆရာဝန် တစ်ယောက် ဖြစ်ချင်ပါတယ်။ လူရည်ချွန် မောင်မယ်တွေကို အခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးတဲ့အတွက် နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ ကို ကျေးဇူးတင်ပါတယ်။
မောင်အောင်ကောင်းပြည့်
လေ့ကျင့်ရေး အထက်တန်း ကျောင်း (ကမာရွတ်)
လူရည်ချွန်တွေကို အသိ မှတ်ပြုတဲ့ ဒီလိုအခမ်းအနားတွေ ကျင်းပပေးတဲ့အတွက် ဂုဏ်ယူ ပါတယ်။ လူရည်ချွန်သူငယ်ချင်း တွေနဲ့လည်း တွေ့ဆုံရတဲ့အတွက် အတွေ့အကြုံတွေနဲ့ ဗဟုသုတ တွေကို မျှဝေခွင့်ရပြီး ရရှိလာတဲ့ ဗဟုသုတတွေကို ကျောင်းကို ပြန်ရောက်တဲ့အခါ သူငယ်ချင်း တွေကို ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။ လူရည်ချွန် တစ်ယောက်ဆိုတာ ကိုယ့်အတွက် တစ်ခုတည်းမဟုတ်ဘဲ မိဘနဲ့ ကျောင်းရဲ့ ဂုဏ်ဆောင်တဲ့သူတွေ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ရှေ့ဆောင် လမ်းပြလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်း သူ၊ ညီလေး၊ ညီမလေးတွေကို လူရည်ချွန် တစ်ယောက်ဖြစ် အောင် ကြိုးစားကြပါလို့ ပြောချင် ပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းသန့်လော
ဓာတ်ပုံ - အေအေတီ