
နေပြည်တော် ဧပြီ ၃
လူရည်ချွန်မောင်မယ်များတွေ့ဆုံပွဲနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ သိပ္ပံ နှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးမင်းသူ၊ ဒေါက်တာ မျိုးသန့်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ခမ်းခမ်းနားနားကျင်းပ
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အကြီးအကဲက ဧပြီ ၂၆ ရက်တွင် တစ်နိုင်ငံလုံးမှ လူရည်ချွန် များအား တွေ့ဆုံမည်ဖြစ်ပါ ကြောင်း၊ တွေ့ဆုံပွဲကို နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) ၌ ခမ်းခမ်းနားနားကျင်းပရန် စီစဉ်ထားပြီး ပြပွဲများ၊ ပြခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါ ကြောင်း။
ထည့်သွင်းပြသစေလို
လူငယ်ကဏ္ဍ မြှင့်တင်ရေး သည် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်သည့် အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက တစိုက်မတ်မတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ ပြီး လူငယ်ရေးရာဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန များအနေဖြင့်လည်း လူငယ် ရေးရာ ကိစ္စရပ်များကို တက်တက် ကြွကြွဖြင့် ပါဝင်ပူးပေါင်းဆောင် ရွက်လျက်ရှိရာတွင် လူရည်ချွန် လူငယ်မောင်မယ်များ တွေ့ဆုံပွဲ ၌ ထည့်သွင်းပြသမည့် ပြခန်းများ ကို လူငယ်များနှင့် ကိုက်ညီပြီး လူငယ်များ စိတ်ဝင်စားနိုင်သည့် ကဏ္ဍများကို ထည့်သွင်းပြသစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေက လူရည်ချွန် မောင်မယ်များအား ဗဟုသုတရရှိစေရန် ပြခန်းများ ပြသသွားမည် ဖြစ်ပါကြောင်း၊ ပြခန်းများအား လေ့လာကြည့်ရှု ခြင်းဖြင့် အထင်ကရနေရာများကို တစ်နေရာတည်းတွင် အချိန်တို ဖြင့် လေ့လာနိုင်မည် ဖြစ်ပါ ကြောင်း၊ အနာဂတ်တွင် နိုင်ငံ၏ တာဝန်ကို ပခုံးပြောင်းထမ်းဆောင် ကြမည့် လူရည်ချွန် မောင်မယ်များ ဗဟုသုတများ ရရှိစေရေးအတွက် ပြခန်းများကို ဝန်ကြီးဌာန အသီးသီးက ပါဝင်ပြသစေလိုပါ ကြောင်း ပြောကြားသည်။
ဝိုင်းဝန်းကူညီဆောင်ရွက်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က လူရည်ချွန်မောင်မယ်များအား ပြခန်းများပြသရာတွင် အသိပညာ ဗဟုသုတဖြစ်ဖွယ် ရှုထောင့်၊ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့် စသည့်အချက်များကို ထည့်သွင်း စဉ်းစား၍ ပြသရမည်ဖြစ်ပါ ကြောင်း၊ လူရည်ချွန် မောင်မယ် များ လေ့လာကြည့်ရှုချိန်ရအောင် စီစဉ်ပေးရမည်ဖြစ်ပြီး ဝန်ကြီးဌာန အနေဖြင့် ဝိုင်းဝန်းကူညီဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ငယ်စဉ်က လူရည်ချွန်ဖြစ်ခဲ့သော ကျန်းမာရေး ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဆရာကြီး၊ ဆရာမကြီးများ၏ ငယ်ဘဝမှတ်တမ်းများကိုလည်း လေ့လာကြည့်ရှုခြင်းဖြင့် လက်ရှိ လူရည်ချွန်များက အားကျအတုယူ လိုစိတ် ဖြစ်ပေါ်လာအောင်၊ ကြိုးစားလိုစိတ်များ ပေါ်ပေါက် လာအောင် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပြသသွားမည် ဖြစ်ပါ ကြောင်း၊ ပညာရပ်ဆိုင်ရာ ဗဟုသုတရရှိရန် ပြခန်းများ လည်း စီစဉ်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက လူရည်ချွန် တစ်ယောက်ဖြစ်ရန် မလွယ်ကူပါကြောင်း၊ ဝန်ကြီးဌာန များတွင် ငယ်စဉ်က လူရည်ချွန်ရရှိ ခဲ့သည့် ဝန်ထမ်းများကိုပါ ထည့်သွင်း ဖော်ပြသင့်သည်ဟု အကြံပြုလိုပါကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် လူရည်ချွန်များ ကို တန်ဖိုးထားသည်ကို လူငယ် များနှင့် ပြည်သူများ သိရှိအောင် ပြသစေလိုသည့် ရည်ရွယ်ချက် လည်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားများကို လူရည်ချွန်မောင်မယ်များ သိရှိစေ ရေးအတွက် ပြခန်းထည့်သွင်း ပြသသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ပြသနိုင်ရေးစီစဉ်ဆောင်ရွက်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ စိုးဝင်းက လူငယ်များ အထွေထွေဗဟုသုတ ရရှိစေရန် ဉာဏ်စမ်းပဟေဠိ အစီအစဉ်များကိုလည်း ထည့်သွင်း ပြသသွားမည် ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ အသိပညာဗဟုသုတ များ ရရှိအောင်၊ ငြိမ်းချမ်းရေး၏ အနှစ်သာရကို သဘောပေါက် နားလည်အောင် စသဖြင့် ပြသနိုင် ရေး စီစဉ်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး များ ဖြစ်ကြသော ဗိုလ်မှူးချုပ် လူမွန်၊ ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးမင်းသူ၊ ဒေါက်တာ မျိုးသန့်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးဇော်အေးမောင်တို့ကနိုင်ငံတော် ၏ သမိုင်းဖြစ်စဉ်များ၊ မော်ကွန်း မှတ်တမ်းများ၊ လွတ်လပ်ရေး ကြေညာစာတမ်းနှင့် လွတ်လပ် ရေးကြိုးပမ်းမှု သမိုင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း ဆောင်ရွက်မှု မှတ်တမ်းများ၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးဖော်ဆောင်မှု ပြကွက်များ၊ မြန်မာလူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များ နှင့် ဝန်ကြီးဌာနများတွင် တာဝန် ထမ်းဆောင်နေသည့် အရာထမ်း များမှ ငယ်စဉ်က လူရည်ချွန်ဖြစ်ခဲ့ သူများအား စုစည်းပြီး ငယ်ဘဝ မှတ်တမ်းများ ပြသနိုင်ရေး၊ မဟာ သင်္ကြန်ကာလအပြီးတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၌ လူငယ် သင်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ လူရည်ချွန်တွေ့ဆုံပွဲတွင် ဖိုရမ် ကျင်းပနိုင်ရေး၊ လူရည်ချွန် မောင် မယ်များ တွေ့ဆုံပွဲ ဖျော်ဖြေရေး ကဏ္ဍတွင် တေးသရုပ်ဖော်နှင့် တေးသီချင်းများ ဆောင်ရွက်ထား ရှိမှု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများ၊ သစ်တောသစ်ပင်များ ထိန်းသိမ်း စောင့်ရှောက်ရမည့် အသိပညာရရှိ ရေးဆိုင်ရာများ ထည့်သွင်းပြသ နိုင်ရေး ဆွေးနွေးကြသည်။
အမှာစကားပြောကြား
ထို့နောက် တက်ရောက်လာ သူများက လူရည်ချွန်မောင်မယ် များ တွေ့ဆုံပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လူငယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ် အမှာစကားပြောကြားသည်။
သတင်းစဉ်