လူငယ်ပန်းချီဆရာ လင်းလင်း၏ တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပမည်

 

မန္တလေး    ဧပြီ    ၁ 


လူငယ်ပန်းချီဆရာ   လင်းလင်း (Artist LINN LINN) ၏   တစ်ကိုယ်တော်ပန်းချီပြပွဲကို  ဧပြီ ၈ ရက်မှ  ၁၂ ရက်အထိ  မန္တလေးတောင်  ပန်းချီပြခန်း၌   ကျင်းပ  မည်ဖြစ်သည်။

 


ပန်းချီဆရာ   လင်းလင်း၏ ပန်းချီသင် ဆရာများ မှာ ဆရာဦးသိန်းဝင်း နှင့် ဆရာ  ဦးသက်လွင်တို့ဖြစ် သည်။
 ပြသမည့်    ပန်းချီကားအမျိုးအစားမှာ   Acc/Camvas  အမျိုးအစားဖြစ်ပြီး ပန်းချီကားပေါင်း ၇၀ ကျော် ပြသထားမည်ဖြစ်ကာ ပြပွဲမတိုင်မီ ပန်းချီဆရာ လင်းလင်း၏   ပန်းချီကားများ ဝယ်ယူအားပေးသူများ ရှိသည်ဟုလည်း သိရသည်။
 ပြပွဲကို   ဧပြီ ၈ ရက်မှ   ၁၂   ရက်အထိ   နေ့စဉ် နံနက် ၉ နာရီမှ ည  ၇ နာရီအထိ  ပြသထားမည်ဖြစ်ရာ မည်သူမဆို   လာရောက်လေ့လာနိုင်ကြောင်း    သိရ သည်။


 ခင်ခင်ဝင်း (ပညာရေး)