လူငယ်လူရွယ်များ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင်ရောက်ရှိပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပဲခူး   အောက်တိုဘာ   ၄


ပဲခူးတိုင်းဒေသကြီး   လူငယ်ရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို    ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး ၌    ကျင်းပရာ   တိုင်းဒေသကြီး လူငယ်ရေးရာ   ကော်မတီဥက္ကဋ္ဌ ကိုယ်စား         တိုင်းဒေသကြီး သယံဇာတရေးရာ       ဝန်ကြီး ဦးတင်သိန်းက    အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ လူငယ် ရေးရာဗဟိုကော်မတီ အတွင်းရေး မှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းက   လူငယ် ရေးရာကော်မတီ၏  ရည်မှန်းချက် (၇)ရပ်၊ မူဝါဒ (၇)ရပ်၊ လုပ်ငန်းစဉ် (၁၆)ရပ်နှင့် တိုင်းပြည်၏ အနာဂတ် အားထားရမည့်   လူငယ် လူရွယ် များ   မှန်ကန်သည့်လမ်းကြောင်း   ပေါ်တွင်ရောက်ရှိပြီး  ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် ပေးကြစေလိုကြောင်း၊   ရှေ့ဆက် ဆောင်ရွက်မည့်    လူငယ်ရေးရာ လုပ်ငန်းစဉ်များ  အောင်မြင်ရေး အတွက် စေတနာထားပြီး အောင်မြင် အောင်      ပူးပေါင်းဆောင်ရွက်         စေလိုကြောင်း မှာကြားသည်။

 


ထို့နောက်   တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ   ဒုတိယ ဥက္ကဋ္ဌ   တိုင်းဒေသကြီး  ဥပဒေချုပ် ဦးခင်မောင်တင့်က   တိုင်းဒေသ ကြီး လူငယ်ရေးရာ  ကော်မတီများ ၏    ဆောင်ရွက်ချက်၊  တိုင်းဒေသ ကြီး     လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး  တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီး ဌာန   ညွှန်ကြားရေးမှူး ဦးမြင့်ခိုင် က    လူငယ်ရေးရာကော်မတီ ဖွဲ့စည်း  ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်       ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ             ဆွေးနွေးပြီး   တက်ရောက်လာသူများက     မိမိ တို့ ကော်မတီအလိုက် ဆောင်ရွက် ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက် မည့်    လုပ်ငန်းများကို     အကြံပြု တင်ပြကြရာ  တာဝန်ရှိသူများက   ဖြည့်စွက်       ဆွေးနွေးကြပြီး   တိုင်းဒေသကြီး သယံဇာတရေးရာ  ဝန်ကြီးက နိဂုံးချုပ်စကား   ပြော ကြားကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)