လူနာတွေအနေနဲ့ အောက်ဆီဂျင်လိုအပ်ချက်များပြားနေတာကို တွေ့ရှိရပါတယ်။ စက်ရုံအနေနဲ့ နေ့မအား၊ ညမအား အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်

 

ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များ ပြည့်မီစေရန် တပ်မတော်က ထောက်ပံ့လှူဒါန်းမှုများ ဆောင်ရွက်ပေးလျက်ရှိရာ အောက်ဆီဂျင်လိုအပ်ချက်များကို ပိုမိုဖြည့်တင်းနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ တည်ဆောက်နေသည့် အောက်ဆီဂျင်အရည်မှ ဆေးရုံသုံးအောက်ဆီဂျင်ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် ​အောက်ဆီဂျင် စက်ရုံပြီးစီး၍ ယနေ့တွင် အောက်ဆီဂျင် လီတာ ၄၀ ဝင် အလုံး  ၄၄၀ စတင်စမ်းသပ်ထုတ်လုပ်နေပြီဖြစ်ရာ အောက်ဆီဂျင်စက်ရုံ၌ တာဝန်ထမ်း ဆောင်နေသည့်  ဗိုလ်ကြီး လွင်မြတ်သူ(ဌာနမှူး၊ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာဌာန)အား စက်ရုံမှအောက်ဆီဂျင်ထုတ်လုပ်မှုနှင့် ပတ်သက်၍  တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။

 

အခု အောက်ဆီဂျင်စက်ရုံကတော့ Liquid အမျိုးအစားဖြစ်ပါတယ်။ လုပ်သားများအနေ နဲ့ အင်ဂျင်နီယာဌာနမှူး တစ်ဦး၊ အင်ဂျင်နီယာ စစ်သည်တစ်ဦး၊ အထွေထွေစစ်သည်  သုံးဦး၊ အရပ်သားဝန်ထမ်း ရှစ်ဦး စုစုပေါင်း ၁၃ ဦးနဲ့ လည်ပတ်မှာဖြစ်ပါတယ်။  အောက်ဆီဂျင်အရည် ကို တန် ၅၀ Tank ထဲသို့ ကားနဲ့ဖြည့်သွင်းရပါ တယ်။ ဖြည့်သွင်းရာမှာ Liquid Oxygen ဟာ အန္တရာယ်ရှိတဲ့အတွက်  သုံးနာရီခန့်ကြာအောင် ဖြည့်သွင်းရပါတယ်။  Liquid  Oxygen  ကို အောက်ဆီဂျင်အငွေ့အဖြစ် ပြန်လည်ဖြန့်ဖြူး ရာမှာ အောက်ဆီဂျင်လှောင်ကန်ထဲက အရည် ကို မောင်းထည့်လိုက်ပါတယ်။     ထွက်ရှိလာတဲ့ အငွေ့တွေကို အောက်ဆီဂျင်အိုးထဲသို့ ဖြည့်သွင်း တာဖြစ်ပါတယ်။ 

 


အောက်ဆီဂျင်အိုးထဲသို့ ဖြည့်သွင်းရာမှာ လီတာ၄၀ ရှိတဲ့ အောက်ဆီဂျင်အိုး အလုံး ၂၀ ကို တစ်ပြိုင်တည်း ဖြည့်သွင်းနိုင်ပြီး မိနစ် ၃၀ ကြာမြင့်ပါတယ်။   အိုးနဲ့ဖြည့်သွင်းပေးတာက ပြင်ပဆေးရုံများအတွက်     ဖိအားမြင့်နည်းနဲ့ ဖြည့်သွင်းပေးပြီး      ခုတင်(၁၀၀၀)အတွက်   ဖိအားနိမ့်နည်းနဲ့   ပိုက်လိုင်းမှတစ်ဆင့် ဖြည့်သွင်း ပေးခြင်းဖြစ်ပါတယ်။  ပိုက်လိုင်းကနေတစ်ဆင့်   ရရှိလာတဲ့    အောက်ဆီဂျင်တွေကို   Medical Regulator ကနေ  ထိန်းညှိပေးပြီး   လူနာတွေ ရှူသွင်းသလောက်သာ ထုတ်သွင်းပေးသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စက်ရုံက အောက်ဆီ ဂျင်ကိုထုတ်လုပ်ရာမှာ       လူနာတွေအတွက် သင့်တော်တဲ့ သန့်စင်မှုပမာဏ ၉၉ ဒသမ ၅ ရာခိုင် နှုန်း သန့်စင်တဲ့  အောက်ဆီဂျင်တွေကို ထုတ်လုပ် ပေးနိုင်တာဖြစ်ပါတယ်။  ဒီနေ့က  စက်ရုံ  စမ်းသပ် မောင်းနှင်တာဖြစ်တဲ့အတွက်   အိုး ၄၄၀  ကို ဖြည့်တင်းပေးနိုင်ခဲ့ပြီး     နောက်ရက်များမှာ ရည်မှန်းချက်ဖြစ်တဲ့  ရှစ်နာရီမောင်း  လေးနာရီ နား  နှစ်ဆိုင်းနဲ့အိုး  ၉၆၀   ပြည့်အောင်    ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ အောက်ဆီဂျင်တွေကို  တပ်မတော်ဆေးရုံတွေ၊ ကိုဗစ်-၁၉   လက်ခံကုသရေး   စင်တာတွေကို ဦးစားပေး  ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။ ရည်မှန်းချက် ရာနှုန်းပြည့်မီအောင် ဆောင်ရွက် မယ်ဆိုရင် အောက်ဆီဂျင်အရည်  တစ်နေ့   ငါးတန်ခန့်   ကုန်ကျမှာဖြစ်ပြီး    လိုအပ်တဲ့ အောက်ဆီဂျင်စစ်ဆေးမှုကိုတော့  ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး အစီအစဉ်ဖြင့် ပြန်လည် ဖြည့်သွင်းသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန် မှာ တစ်ကမ္ဘာလုံး ကိုဗစ်- ၁၉ ရောဂါ တတိယ လှိုင်းဖြစ်ပေါ်နေတဲ့အချိန်     လူနာတွေအနေနဲ့  အောက်ဆီဂျင်လိုအပ်ချက်များပြားနေတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့    စက်ရုံအနေနဲ့   နေ့မအား၊ ည မအား   အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အခုလို အချိန်မှာ ကျွန်တော့်အနေနဲ့ ဒီစက်ရုံမှာ တာဝန်ထမ်းခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ 

 


သတင်းအဖွဲ့