လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၁) ကျင်းပ

အလုပ်ရှင်နှင့် အလုပ်သမားများအတွက် နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့များကဲ့သို့ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၂၂


အလုပ်သမားဝန်ကြီးဌာန     လူမှုဖူလုံရေး အဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီတွင်    နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ  အလုပ်သမား ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဖူလုံရေးအဖွဲ့  ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ် များ တက်ရောက်ကြပြီး   အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက Online မှတက်ရောက်ကြ သည်။ 


အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့သည် အလုပ် ရှင်နှင့်         အလုပ်သမားများအတွက် နိုင်ငံတကာ လူမှုဖူလုံရေးအဖွဲ့များကဲ့သို့ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုလေးရပ်ဖြစ်သည့် သတင်း အချက်အလက်နှင့်    နည်းပညာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း      (IT Reform)၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင် ကဏ္ဍပြုပြင်ပြောင်းလဲခြင်း    ( Medical   Reform)၊ စီမံခန့်ခွဲရေးကဏ္ဍ   ပြုပြင် ပြောင်းလဲခြင်း (Administrative Reform)နှင့် ဥပဒေရေးရာကဏ္ဍ  ပြုပြင်ပြောင်းလဲ ခြင်း (Legal Reform) တို့ကို      နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး   အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။


ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ထန်းတပင် မြို့တို့ရှိ အလုပ်သမားဆေးရုံကြီးများတွင် ကိုဗစ်-၁၉ Positive လူနာများထားရှိ ကုသနိုင်ရန် ကုသဆောင်များကို ပြင်ဆင် ထားရှိပြီး ကုသပေးလျက်ရှိသည့်အပြင် ကိုဗစ်-၁၉  ကာလအတွင်း PUI လူနာ များကို နှာခေါင်းနှင့်အာခေါင်တို့ဖတ်ယူ ခြင်းနှင့် လိုအပ်သော  ဓာတ်ခွဲစမ်းသပ်မှု များ ပြုလုပ်ပေးပြီး လိုအပ်ပါက ကျန်းမာ ရေးဝန်ကြီးဌာနမှ  သတ်မှတ်ထားသည့် ဆေးရုံများသို့    လွှဲပြောင်းပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း။


ကိုဗစ်-၁၉ ပထမလှိုင်း ကာလအတွင်း လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်မှုအနေဖြင့် ယာယီပိတ်ထားခဲ့သည့် စက်ရုံ၊   အလုပ်ရုံ နှင့်    အလုပ်ဌာနပေါင်း ၉၀၁၇ ဌာန၊ အလုပ်သမားပေါင်း   ၈၅၇၇၅၇  ဦးတို့ အတွက် ငွေကျပ်သန်း ၂၁၆၂၇ ဒသမ ၀၉၀ အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ဒုတိယလှိုင်း ကာလအတွင်းတွင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း ၉၁၁၆ ဌာန၊ အလုပ် သမားပေါင်း ၇၆၈၆၈၄ ဦးတို့အတွက် ငွေကျပ်သန်း    ၄၈၇၁၃ ဒသမ ၉၉၅ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ကျန်ရှိနေသည့် အလုပ်ဌာနများမှ အာမခံ အလုပ်သမားများကို  ဆက်လက်ခွင့်ပြု ထုတ်ပေးနိုင်ရေး   စိစစ်ဆောင်ရွက်ပေး လျက်ရှိကြောင်း။


၂၀၂၁ ခုနှစ် မတ် ၁၄ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ရှို့မီး ကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် စက်ရုံ၊ အလုပ်ရုံ ၂၂ ရုံမှ အလုပ်လက်မဲ့ဖြစ်သွား သော အလုပ်သမား ၁၄၄၉၄ ဦးအတွက် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှု ဖူလုံရေးထောက်ပံ့ငွေအဖြစ် ငွေကျပ် ၈၂၈ ဒသမ ၅၅၁ သန်းကို   ခွင့်ပြုထုတ်ပေး ခဲ့ကြောင်း၊    ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက် လူမှုဖူလုံရေးအကျုံးဝင်  မှတ်ပုံတင်ထား သည့် အာမခံအလုပ်သမားအား ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ   ရန်ကုန်တိုင်း ဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်    ပဲခူးတိုင်း ဒေသကြီးတို့တွင် နိုဝင်ဘာ ၁၈ ရက်အထိ ပထမအကြိမ် ထိုးနှံပြီးဦးရေ ၅၄၈၈၆၇ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးဦးရေ ၃၃၃၇၂၈ ဦး စုစုပေါင်း ၈၈၂၅၉၅ ဦး ထိုးနှံပေးခဲ့ပြီး  အာမခံအလုပ်သမားများအားလုံး ကာကွယ် ဆေး ထိုးနှံပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊    ပြည်နယ်/တိုင်းဒေသကြီး   အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍    လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင် (၁/၂၀၂၀) အစည်းအဝေး   ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံ ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်      ဆုံးဖြတ်ရန် အမှာစာများကို  ရှင်းလင်းတင်ပြပြီး လူမှု ဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ချုပ်များက   သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြကြသည်။  


ဆွေးနွေးတင်ပြ


ယင်းနောက်   ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြပြီး       အစည်းအဝေး တက်ရောက်လာသည့်    ဌာနဆိုင်ရာ တာဝန်ရှိသူများက  အမှာစာများနှင့် ဆုံးဖြတ်ရန်အချက်များကို   ထောက်ခံ အတည်ပြု ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍   အလုပ်ရှင်ကိုယ်စား လှယ် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ၊      မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)မှ   အထွေထွေအတွင်းရေးမှူးနှင့် အလုပ်သမားကိုယ်စားလှယ် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှဥက္ကဋ္ဌတို့က လိုအပ် သည်များကို ရှင်းလင်းတင်ပြကြပြီး လူမှု ဖူလုံရေးအဖွဲ့  ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် အမျိုးသားအဆင့်     လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)တွင် ဆုံးဖြတ်ရန် အချက်ရှစ်ချက်နှင့် မှတ်တမ်းတင်ရန် အမှာစာ    အစောင်ရေ   ၄၉    စောင်ကို သဘောတူအတည်ပြု၍ ရှေ့လုပ်ငန်းစဉ် များကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် အမျိုးသားအဆင့်လူမှု ဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ  အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ရှေးရှုပြီး အတူတကွ  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း  တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်