
နေပြည်တော် အောက်တိုဘာ ၁၂
အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) နှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ကြီးမှူး၍ စက်တင်ဘာ ၁ ရက် မှ နိုဝင်ဘာ ၃၀ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “ITU Digital World 2021” အစီ အစဉ်များအတွင်း ယနေ့တွင်ကျင်းပသည့် ဝန်ကြီး အဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပါဝင်တက်ရောက် ဆွေးနွေးသည်။
စားပွဲဝိုင်းဆွေးနွေးပွဲ အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးနှင့် အိုင်တီယူအထွေထွေ အတွင်း ရေးမှူးချုပ်တို့က အဖွင့်အမှာစကားများ ပြောကြား ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းအပါအဝင် ဦးဆောင်ဆွေးနွေးသူ ၁၁ ဦးက “Cutting the cost: Can affordable access accelerate digital transformation” ခေါင်းစဉ်ဖြင့် တီထွင်ဆန်းသစ်သည့် မူဝါဒများနှင့် စည်းမျဉ်းဥပဒေဆိုင်ရာ အစီအမံများ၊ လက်တွေ့ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ များ၊ ဖြေရှင်းဆောင်ရွက်သင့်သည့် နည်းလမ်းများကို မျှဝေဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ တွင် အားလုံးပါဝင်သော ပြည်သူဗဟိုပြုသည့် ဒစ်ဂျစ် တယ် အသွင်ကူးပြောင်းရေး အောင်မြင်စေရေးအတွက် အခြေခံအဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှု၊ အားလုံး ပါဝင်နိုင်မှုနှင့် တီထွင်ဆန်းသစ်မှုတို့ရှိစေရန် သင့်တင့် မျှတသော ဈေးနှုန်းသည် အရေးကြီးကြောင်း၊ အိုင်စီတီ အခြေခံအဆောက်အဦများတွင် ရင်းနှီး မြှုပ်နှံခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လျော့ကျလာ သည်ကို တွေ့ရှိရပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အွန်လိုင်းအသုံးပြုမှု များပြားလာသည့် အတွက် Bandwidth အသုံးပြုမှုနှင့် သုံးစွဲမှု လိုအပ် ချက် ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ သုံးစွဲမှုလိုအပ်ချက် မြင့်မားလာမှုသည် အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင် ကြောင်း ပြောကြားသည်။
ထို့ပြင် အိုင်စီတီအခြေခံအဆောက်အဦအတွက် တာဝန်ရှိသောဝန်ကြီးဌာနများအနေဖြင့် ကုန်ကျ
စရိတ်လျှော့ချနိုင်ရေးနှင့် အခြေခံအဆောက်အဦတွင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင် ရေးအတွက် သင့်လျော်သောမူဝါဒများ ချမှတ်နိုင် ရေးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အိုင်စီတီ အခြေခံအဆောက်အဦများကို မျှဝေသုံးစွဲ ခြင်း၊ ထိရောက်သော လှိုင်းနှုန်းစဉ် အသုံးပြုမှု ဖြစ်စေရေးနှင့် မိမိတို့၏ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေး မဟာဗျူဟာများ ပြန်လည် ဆန်းစစ်နိုင်ရေးတို့အတွက် မူဝါဒများ ထားရှိဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် အခြေခံအဆောက်အဦ မျှဝေသုံးစွဲခြင်း အတွက် ဥပဒေပြဋ္ဌာန်းထားပြီး ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ခြင်းအတွက် နေရာဒေသအလိုက် သင့်လျော်သော ဈေးနှုန်းများ သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့ပြတွင် သာမက ကျေးလက်ဒေသများပါမကျန် အိုင်စီတီ နည်းပညာများကို ကျွမ်းကျင်သက်သာစွာ သုံးစွဲရရှိ နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆက်သွယ်ရေး အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုကွန်ရက်မီဒီယာများကို ကျင့်ဝတ် သိက္ခာမရှိဘဲ အကျိုးမဲ့စွာ သုံးစွဲနေမှုများကြောင့် ထိခိုက်မှုများကို ကုစားနိုင်ရေး နည်းလမ်းရှာဖွေ သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ
ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ စည်းမျဉ်း ဥပဒေဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အကြီးအကဲ များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများမှ အမှုဆောင် အရာရှိချုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲ တမ်းအတွင်းဝန်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ITU Digital World သည် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ချုပ်က ၁၉၇၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သော အခမ်းအနားတစ်ခုဖြစ်ပြီး ယခုကျင်းပသည့် အခမ်းအနားသည် နှစ်(၅၀)မြောက် ကျင်းပသော အခမ်းအနားဖြစ်ကြောင်း သိရသည်။
သတင်းစဉ်