
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က မိမိတို့ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု သာမက နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်ပါ သက်ဆိုင်နေသဖြင့် ဝန်ထမ်းများအနေဖြင့် ဒေသ တွင်းနိုင်ငံများနှင့် စီးပွားရေး ပေါင်းစည်းဆောင်ရွက် နေမှု၊ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အခြေ အနေများအပြင် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွား ရေးနှင့် ဆက်စပ်သည့် ကုန်သွယ်မှုအခြေအနေများ ကိုပါ သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအား ကမ္ဘာ့ စီးပွားရေးနှင့် ကုန်သွယ်မှုစနစ်အဆင့်ဆင့် ပြောင်းလဲ လာမှုနှင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့် အခြေအနေတို့ကို သိရှိနားလည်ပြီး လုပ်ငန်းခွင် အတွင်း ပြန်လည်အသုံးပြုနိုင်ခြင်းဖြင့် အသုံးပြု တတ်လျှင် အသုံးပြုတတ်သလောက် အကျိုးရှိနိုင် မည့် ခေါင်းစဉ်များကိုရွေးချယ်၍ အပတ်စဉ်အသိပညာ မျှဝေ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြော ကြားသည်။
ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရင်းနှီးမြှုပ်နှံမှု ဌာနခွဲ(၁) မှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသော လွတ်လပ်သည့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် ၁၇ ခုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် ရရှိလာမည့်အကျိုး ကျေးဇူးများနှင့် နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဖြစ်ပေါ်တတ်သော လွတ်လပ်သော ကုန်သွယ်မှု (Free Trade) နှင့် မျှတသောကုန်သွယ်မှု (Fair Trade) ဆိုင်ရာ အကြောင်းအရာကို ဆွေးနွေး သည်။
ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ အခမ်းအနား သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ အရာထမ်း/ အမှုထမ်းများ Online အပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၀၀ ကျော် တက်ရောက်ကြသည်။
သတင်းစဉ်