
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့်
အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths ၏ ကြေညာချက်အပေါ် သတင်းထုတ်ပြန်ချက်
နေပြည်တော် ဇန်နဝါရီ ၁
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို ကျေးရွာအနီး ဖြစ်ပွားခဲ့သော အရပ်သားများ သေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် အချက်(၅)ချက်ပါ ကြေညာ ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာ
အထက်ဖော်ပြပါ ထုတ်ပြန်ကြေညာချက်၌ ဖြစ်စဉ်တွင် ကလေးငယ်တစ်ဦး အပါအဝင် လူ(၃၅)ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် Save The Children အဖွဲ့မှ ဝန်ထမ်း(၂)ဦးကို ဖမ်းဆီးထားပြီး မော်တော်ယာဉ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း၊ ယခုကဲ့သို့ အရပ်သားများအပေါ် တိုက်ခိုက် ခဲ့မှုများကို ရှုတ်ချ၍ ကျူးလွန်ခဲ့သူများကို အမြန်ဆုံး တရားစီရင်နိုင်ရေး ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်း စစ်ဆေးမှုများ ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်း ကြောင်း၊ မြန်မာ့တပ်မတော်အပါအဝင် လက်နက် ကိုင်အဖွဲ့အစည်းများကိုလည်း အရပ်သားပြည်သူ များ ထိခိုက်နစ်နာမှုမရှိစေရေး ကာကွယ်ပေးရန် တိုက်တွန်းကြောင်း အစရှိသည့်အချက်များပါဝင် ကြောင်း တွေ့ရှိရသည်။
စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခဲ့
မြန်မာ့တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်၏ အာဏာ အရပ်ရပ်အား ခေတ္တထိန်းသိမ်းခဲ့သည့်အချိန်မှ စတင်၍ လူစုလူဝေးဖြင့် ဆူပူအကြမ်း ဖက်ဆန္ဒပြမှု များ၊ လက်နက်ဖြင့် တိုက်ခိုက်မှုများ၊ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အနိမ့်ဆုံး အဆင့်၊ အနည်းဆုံးအင်အားကိုသာ အသုံးပြု၍ တည်ဆဲတရားဥပဒေများ၊ နိုင်ငံတကာစံနှုန်းများနှင့် အညီ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ခေတ္တ ထိန်းသိမ်းထားသည့်ကာလအတွင်း နိုင်ငံအတွင်း၌ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးတို့အတွက် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် တို့အား ချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်ကောင်းများထားရှိ၍ ကြိုးပမ်းလုပ်ဆောင်နေသည့် ကာလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH ၊ NUG အမည်ခံအဖွဲ့များမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်ကို D Day အဖြစ်သတ်မှတ်၍ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံတစ်ဝန်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိ
ထိုသို့ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်အဖွဲ့ များက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ် တိုက်ခိုက်ခြင်းကို ပိုမိုလုပ်ဆောင်လာခဲ့ပြီး အထူး သဖြင့် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများအား ဒလန်အဖြစ် စွပ်စွဲ၍ သတ်ဖြတ်ခြင်း၊ ၎င်းတို့အား ထောက်ခံ အားပေးခြင်းမရှိသည့် မိသားစုများကို အုပ်စုဖွဲ့ သတ်ဖြတ်ခြင်း၊ တန်ဖိုးရှိပစ္စည်းများအား အတင်း အဓမ္မယူဆောင်၍ နေအိမ်အဆောက်အဦနှင့် ပစ္စည်း ကိရိယာများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား အားပေးကူညီရန်အတွက် နည်းမျိုးစုံဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်လျက်ရှိသည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths ၏ ကြေညာချက်တွင် ပါရှိသော ဖြစ်စဉ်ဖြစ်ပွားရခြင်းမှာလည်း ကယားပြည်နယ် အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖရူဆို မြို့နယ်၊ မိုဆိုကျေးရွာအနီးသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း၌ ရောက်ရှိချိန်တွင် မော်တော် ယာဉ် (၇)စီးကိုတွေ့ရှိ၍ လုံခြုံရေးအရ စစ်ဆေးမှု ခံယူနိုင်ရေး ရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ မော်တော်ယာဉ်ပေါ်မှ လက်နက်ငယ်များဖြင့်ပစ်ခတ် ၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထိုသို့မောင်းနှင် ထွက်ပြေးသွားစဉ် မိုဆိုကျေးရွာအနီးရှိ တောင်ကုန်း များတွင် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက် သမား ၁၀ ဦးခန့်က အာပီဂျီ၊ ၄၀ မမ ဗုံးပစ်လောင်ချာ၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် မိမိလုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင် သာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်။
ဖြစ်စဉ်တွင် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သင်တန်း တက်ရောက်ရန် စုဆောင်းလာသည့် လူသစ် အချို့တို့အား အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ တူမီးသေနတ် ၃ လက်၊ လက်ပစ် ဗုံး ၇ လုံး၊ အမ်-၁၆ ကျည် ၂၅ တောင့်၊ ကျည်အိမ် ၂ ခု၊ ပြောက်ကျားယူနီဖောင်းများ၊ ဆက်စပ်ပစ္စည်း များ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်နှင့် အကြမ်းဖက်အဖွဲ့များစားသုံးရန် ကျေးရွာ များမှ အဓမ္မကောက်ခံခဲ့သည့် စားသောက်ကုန် ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၇ စီးမှာလည်း မီးလောင်ပျက်စီးခဲ့သည်။ အဆိုပါ အကြမ်းဖက်အဖွဲ့သည် ယင်းနေ့ နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသည့် အရပ် ဘက် ခရီးသည်တင်လေယာဉ်အား ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်ဝတ်ဖြင့် လျှို့ဝှက်ထွက်ပြေးလာသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများမှ တစ်ဆင့် ဖော်ထုတ်ရရှိခဲ့သည်။ ၎င်းဖြစ်စဉ်အား လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် နိုင်ငံတော်ပိုင် ရုပ်သံလိုင်းများနှင့် သတင်းစာများ တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခဲ့
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အမည်ခံ အဖွဲ့များ၏ D Day အဖြစ် သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်း အချို့ ဒေသများတွင် ယခုဖြစ်စဉ်ကဲ့သို့ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ များပြားစွာဖြစ်ပေါ် ခဲ့ပြီး ယခုဖြစ်စဉ်မှာလည်း တစ်ခုအပါအဝင်ဖြစ် သည်။ အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသော ကိုယ်ကျိုးရှာ မီဒီယာများ၊ သတင်းသမားများနှင့် ပူးပေါင်း၍ ဖြစ်စဉ်အား ၎င်းတို့လိုရာဆွဲကာ ရေးသားထုတ်လွှင့်မှုများအပေါ်အခြေပြုပြီး ယခု ကဲ့သို့ အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခဲ့ ကြောင်း တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အရပ်သားပြည်သူ များ ထိခိုက်နစ်နာမှုမရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်