
ချမ်းအေးသာစံ ဇန်နဝါရီ ၁
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိ ပညာပေး Talk Show ဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် ချမ်းအေးသာစံမြို့နယ် လူထု အခြေပြုဗဟိုဌာန၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင် ဇာလွင်က မြန်မာနိုင်ငံ လွတ်လပ် ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ် ရေးနေ့ ဖြစ်ပေါ်လာပုံများ နှင့် လွတ်လပ်ရေးနေ့ကို ပြည်သူ များ တန်ဖိုးထားတတ်စေရေးတို့ ကိုလည်းကောင်း၊ ချမ်းအေးသာစံ မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ မောင်သန်း (မဟာဝိဇ္ဇာ) က မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက် ခဲ့ရမှု၊ လွတ်လပ်ရေးကြိုးပမ်းမှု၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များ လွတ်လပ် ရေး တိုက်ပွဲဝင်မှု၊ လွတ်လပ်ရေး၏ အနှစ်သာရများနှင့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄) ရပ်ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ဝိုင်းဝန်းကြိုးပမ်း အကောင် အထည် ဖော်ဆောင်နိုင်ရေး တို့ကိုလည်းကောင်း ဆွေးနွေး ပြောကြားကြကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)