
လပွတ္တာ စက်တင်ဘာ ၁၉
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင် ရေး၊ သတင်းမီဒီယာသမားတိုင်းကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ သတင်းရယူရေးသားကြစေရေး နှင့် လုပ်ကြံဖန်တီးထားသော သတင်းတု၊ သတင်းမှားများ ကျေ ပျက်အောင် ချေဖျက်နိုင်စေရေးတို့ အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အချို့ရှိ ခရိုင်၊ မြို့နယ်များသို့ သွားရောက် လှည့်လည်ကာ အတွေ့အကြုံ အတွေးအမြင်များ ဆွေးနွေးခြင်း၊ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်လျက် ရှိရာ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀နာရီက လပွတ္တာမြို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေ ပြုဗဟိုဌာနခန်းမ ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ တွဲဖက်အတွင်းရေးမှူးဦးသက်နိုင် ဦး၊ ကောင်စီဝင် ဦးနေလင်း(မောင် ချိုဝေ)တို့က ဦးဆောင်ဆွေးနွေး ဟောပြောကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့လပွတ္တာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ သတင်းဌာနအသီးသီးမှ သတင်းမီဒီယာ သမားများ၊ စာရေးဆရာများနှင့် စိတ်ပါဝင်စား သူများ စုစုပေါင်း ၁၀၀ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်