
လပွတ္တာ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် စာပေစကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းကျောင်းမှ ကျောင်းသူများပါဝင်၍ အထွေထွေသိမှတ်ဖွယ်ရာ လူငယ်အသိပညာပေး စာပေစကားဝိုင်းကိုဆွေးနွေးကျင်းပကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)