
နေပြည်တော် ဧပြီ ၁၉
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co.,Ltd. မှ တင်သွင်းလာသော AONENG အမျိုးအစား လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW သုံးစုံနှင့် (EV Charger) 7 KW အစုံ ၃၀ စုစုပေါင်း လျှပ်စစ်သုံးယာဉ် အားသွင်းစက် ၃၃ စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်း စက်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြု ထားကြောင်း သိရသည်။
သတင်းစဉ်