
ရန်ကုန် ဩဂုတ် ၃
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng Voyah Free အမျိုးအစား လျှပ်စစ်သုံးယာဉ် နှစ်စီး၊ Dongfeng Voyah Dream အမျိုးအစား လျှပ်စစ်သုံးယာဉ် နှစ်စီး၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG, MG5 အမျိုးအစား လျှပ်စစ်သုံးယာဉ်ငါးစီး စုစုပေါင်း လျှပ်စစ်သုံးယာဉ် ကိုးစီးနှင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော Jinpeng အမျိုးအစား လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ် အစီး ၅၀ သည် ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိလာပါသဖြင့် ၃-၈-၂၀၂၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ် နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက် ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်