
နေပြည်တော် စက်တင်ဘာ ၁
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG MG4 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် ရှစ်စီးနှင့် MG ZS အမျိုးအစား လျှပ်စစ်သုံး မော်တော် ယာဉ်နှစ်စီးသည် ရန်ကုန်ဆိပ်ကမ်းသို့လည်းကောင်း၊ Aung Kan Bo Motorcycle Industrial Co., Ltd. က တင်သွင်းလာသော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ၁၀၂၄ စီးသည် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့လည်းကောင်း ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရ သည်။
သတင်းစဉ်