လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

 

သတင်းထုတ်ပြန်ချက်
၅-၁၁-၂၀၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူ များအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား များကို ပြည့်မီစွာ  ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေး     စက်ရုံများကို    တိုးချဲ့ တည်ဆောက်ဆောင်ရွက်လျက်ရှိသကဲ့သို့  လက်ရှိ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံ များမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို လည်း ပြည်သူလူထုထံသို့ ပို့လွှတ်ဖြန့်ဝေပေးခြင်းများ အား မဟာဓာတ်အားလိုင်းများနှင့် အမျိုးမျိုးသော ဓာတ်အားလိုင်းများဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိရာ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်  (၂)  တိုင်ကို (၃-၁၁-၂၀၂၂) ရက်နေ့ (၁၉:၄၀) နာရီတွင် အကြမ်းဖက်သောင်းကျန်သူများမှ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရပါသည်။ 

 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်   ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင် ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများ   ရှိခဲ့သဖြင့်   လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက် ပေးဆပ်ခြင်း ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ရှိခဲ့ပါ သည်။

 


အကြမ်းဖက်သောင်းကျန်းသူများသည် အများ ပြည်သူသို့     ဖြန့်ဖြူးပေးလျက်ရှိသည့်   လျှပ်စစ် ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးခဲ့မှုများအနေဖြင့်   ဘီလူးချောင်း    ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှထွက်ရှိသည့် စုစုပေါင်းဓာတ်အား (၂၄၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေး လျက်ရှိသည့်  ဓာတ်အားလိုင်းများဖြစ်သော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ မဟာဓာတ်အားလိုင်း မှ တာဝါတိုင် (၁၅) တိုင်အား (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆) တိုင်အား (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ  တာဝါတိုင် (၂၁) တိုင်အား  (၇)  ကြိမ်   အသီးသီး ဖျက်ဆီးခံခဲ့ရသည်များကိုလည်း  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများကိုလည်း     ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။

 


ထိုသို့ဆောင်ရွက်မှုများအပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိ သော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင် ရေးအတွက်    ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူလူထုမှလည်း  လျှပ်စစ်ဓာတ်အားလိုင်းများ ထပ်မံဖျက်ဆီးခံရမှု   မရှိစေရေး   ဝိုင်းဝန်းပူးပေါင်း စောင့်ရှောက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။