
နေပြည်တော် စက်တင်ဘာ ၁
AMI စနစ်ကို Energy Meter , Server , Data Base နှင့် ဆက်သွယ်ရေးနည်းပညာပေါင်းစပ်ပြီး ခေတ်မီ သည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အားကွပ်ကဲထိန်းသိမ်း/ မောင်းနှင်စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုး တိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိရေး၊ Losses ကျဆင်းရေး၊ ဓာတ်အားဖြန့်ဖြူးသည့် Voltage တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အား ခွဲရုံများတည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင် ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်း အနားတွင် ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဦးစီးအရာရှိ (စက်/လျှပ်)၊ လက်ထောက်အင်ဂျင်နီယာ၊ လက်ထောက် မန်နေဂျာ (အင်/ယာ)၊ ဒု-ဦးစီးမှူး (စက်/လျှပ်)၊ အငယ်တန်းအင်ဂျင်နီယာ (၂) တို့ကို စာတွေ့/လက်တွေ့၊ လေ့လာရေးခရီးစဉ်များနှင့် အတူ ငါးပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့သည့် သင်တန်းဖြစ် ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်း ကာလတိုအတွင်း အရာအားလုံးပြည့်စုံစွာသိရှိနိုင် မည်မဟုတ်သော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် အဓိကလိုအပ်သည့် လျှပ်စစ်ဆိုင်ရာပညာရပ်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များကို အဓိကထားသင်ကြားပို့ချပေးခဲ့ ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ များ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းမှ ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အင်ဂျင် နီယာများ စီမံခန့်ခွဲရေးသင်တန်းမှ ထူးချွန်ဆုရရှိသူ များကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး တို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်