
ရန်ကုန် ဩဂုတ် ၂၆
ဓာတ်အားပို့လွှတ်မှုကောင်းမွန်ရေး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးအတွက် ကာဗာမပါသောဓာတ်အားလိုင်းကြိုးများအား ကာဗာပါသော ဓာတ်အားလိုင်းကြိုး များဖြင့် ပေ ၃၇၀၀ ခန့် အစားထိုးလဲလှယ်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ 66kV RIR ခွဲရုံ၏ 33kV RIR - ဂုန်လျှော် ဖီဒါတစ်လျှောက်ဆောင်ရွက်လျက်ရှိရာ ဘုရင့်နောင်လမ်းထိပ်မှ အုတ်ကျင်းလမ်းအတွင်းတွင် ပေ ၂၅၀၀ ခန့် လဲလှယ်ခဲ့ပြီး အုတ်ကျင်း လမ်းတွင်ကျန်ရှိသည့် ပေ ၁၂၀၀ ခန့် အစားထိုးလဲလှယ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်သည်။
ထိုသို့ ယာယီဓာတ်အားပိတ်၍ဆောင်ရွက်နေစဉ် 6.6 kV ပါရမီ + မာလာမြိုင် ဖီဒါတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို (ယာပုံ) ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ကြသည်။
ယင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ကအနီးကပ် ကြီးကြပ်ဆောင်ရွက်ကြောင်း သိရသည်။
သတင်းစဉ်