လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးဆောင်ရွက်

 

အုတ်တွင်း   ဧပြီ   ၁၉


မိုးဦးလေဦးမကျမီ  လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးနှင့်  ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်ရေး      အတွက်  အုတ်တွင်းမြို့နယ်  လျှပ်စစ် အင်ဂျင်နီယာဌာနမှ    ဦး ဆောင်၍  ယနေ့နံနက်ပိုင်းက  မြို့ပေါ်       ရပ်ကွက်များ၌ ဓာတ်အားလိုင်းနှင့် မလွတ် ကင်းသော  သစ်ပင်သစ်ကိုင်း များ  ခုတ်ထွင်ရှင်းလင်းရေး ဆောင်ရွက်သည်။

 


ထိုသို့     ဆောင်ရွက်ရာ တွင်        မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ  ဦးထူးကိုကိုက  မြို့နယ်အတွင်း (၁၁) ကေဗွီ နှင့် (၄၀၀)ဗို့ ဓာတ်အားလိုင်း များကြောင့် ဖြစ်ပေါ်နိုင်သော  လျှပ်စစ်အန္တရာယ်များ မဖြစ် ပေါ်စေရေး၊ သစ်ပင်သစ်ကိုင်း များကြောင့်       ဓာတ်အား ပြတ်တောက်မှု   မဖြစ်ပေါ် စေရေးနှင့် မိုးဒဏ်လေဒဏ် ဖြင့်  သစ်ကိုင်းများ  ကျိုးကျမှု ကြောင့်   ဓာတ်အားလိုင်းများ  ပျက်စီးမှု  မဖြစ်ပေါ်စေရေး  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း      ပြောကြားသည်။

 


နှစ်စဉ်        မိုးဦးလေဦး မကျမီ   လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး     ရပ်ကွက် အလိုက်  ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  


အေမင်းရည်စော
(ပြန်/ဆက်)