
နေပြည်တော် အောက်တိုဘာ ၁၂
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းရေးဆွဲခြင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြ သည်။
ရှင်းလင်းဆွေးနွေး
အစည်းအဝေးတွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်း ရေးဆွဲနိုင် ရေးအတွက် အခြေခံမည့် အမျိုးသားစီမံကိန်း၊ (၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ) (၅) နှစ် စီမံကိန်းကို ချမှတ်ရေးဆွဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင် နှစ်ရှည်စီမံကိန်းများ ဖြစ်သည့် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက် မှု စီမံကိန်း (National Compr-ehensive Development Plan- NCDP) နှင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) တို့ကို ပြန်လည်သုံးသပ်၍ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်တို့ကို အခြေခံမူများ ထားရှိပြီး နိုင်ငံတကာနှင့် ဒေသ တွင်း ကတိကဝတ်များနှင့် ချိတ်ဆက်ကာ (၅)နှစ် စီမံကိန်း၏ ရည်မှန်းချက်နှင့် ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများအား ကြိုတင်စိစစ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ အရအသုံးခန့်မှန်း ခြေ ငွေစာရင်းရေးဆွဲရာတွင် နိုင်ငံတော်၏ လိုငွေထိန်းနိုင်ရေး နှင့် ရေရှည်တည်တံ့သည့် ဘတ်ဂျက်သုံးစွဲမှုပုံစံ ဖြစ်စေရေး အတွက် သာမန်နှင့် ငွေလုံးငွေရင်း စာရင်းများရေးဆွဲရာတွင် လိုက်နာ ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေး သည်။
စီမံကိန်းမူဘောင်ရေးဆွဲ
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရေးဆွဲရေး နှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ် စီမံကိန်းမူဘောင် ရေးဆွဲထားရှိမှု အခြေအနေကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲခြင်းနှင့် ချေးငွေ ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြား ရေးမှူးချုပ်များက မိမိတို့ဝန်ကြီး ဌာနအလိုက် စီမံဆောင်ရွက်မည့် အခြေအနေများ၊ ပေါင်းစပ်ညှိနှိုင်း ပေးမည့် ကိစ္စရပ်များနှင့် ပံ့ပိုးပေး မည့် အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။
ပြန်လည်ဆွေးနွေး
ဆွေးနွေးချက်များအပေါ် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ဆွေးနွေးသည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေအရ နိုင်ငံ၏ စီးပွားရေးအခြေအနေ တုံ့ဆိုင်း နေမှု၊ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေမှုတို့ကို ပြန်လည် ကုစားနိုင်ရေး၊ ကိုဗစ်-၁၉ အလွန် ကာလ နိုင်ငံ၏ စီးပွားရေးအခြေ အနေ ပြန်လည်တည်ငြိမ်တိုးတက် ကောင်းမွန်လာစေရေးအတွက် ရည်မှန်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် လက်တွေ့ ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကာလတို (၅)နှစ် စီမံကိန်းနှင့်ဆက်စပ်၍ နှစ်စဉ် စီမံကိန်း၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတို့ကို ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်