လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့် အနောက်ပိုင်းမြို့နယ်များအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

 

ရန်ကုန်   အောက်တိုဘာ    ၂


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၃၃၀ ဖြင့်  လှိုင်သာယာအရှေ့ပိုင်း မြို့နယ် (၆)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ လှိုင်သာယာပြည်သူ့ဆေးရုံကြီးဝင်းအတွင်း သစ်ပင်ချုံနွယ် များ ခုတ်ထွင်းရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ခုတ်ထွင်းရှင်းလင်းပုံသွင်းနေမှု၊ မြေယာရှုခင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယနေ့ နံနက်  ၈  နာရီတွင် လှိုင်သာယာအနောက်ပိုင်း မြို့နယ် အပြင်ပဒံကျေးရွာ ဆိပ်ကမ်းသာ လမ်း၌ ကပြိုရေတံခါး    ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ   တာဝန်ယူဆောင် ရွက်နေသော ၇ ဒသမ ၅ တန် Amphibious  Excavator  ဖြင့် ပိန်းပင်များ၊   မှော်၊  ဒိုက်များ၊ အမှိုက်များ    ဆယ်ယူရှင်းလင်း နေမှုကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး၊ ရန်ကုန် အနောက်ပိုင်း         နည်းပညာ တက္ကသိုလ်နှင့် အနော်ရထာစက်မှု ဇုန်ရှေ့ မြေဧရိယာ   ၁၂  ဒသမ ၂၅၈ ဧကတွင် အကောင်ထည်ဖော် ဆောင်ရွက်နေသည့် လှိုင်သာယာ အနောက်ပိုင်းမြို့နယ်        စုပေါင်း ရုံးနှင့်  ဝန်ထမ်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်သို့    သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း Retaining Wall နှင့် Precast Drain ဆောက် လုပ်ရန် ရေစုပ်ထုတ်နေမှု၊ အင်ဂျင် နီယာဌာန  (ရေနှင့်သန့်ရှင်းမှု)မှ ရေဂါလန်  တစ်သိန်းဆံ့ Ground Tank တည်ဆောက်ရန် မြေပြုပြင် နေမှုနှင့်        အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ     စီမံကိန်း မြေနေရာ  အတွင်းပိုင်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို      လည်း ကောင်း။


ရေငုတ်တိုင်များ ပြုလုပ်


ပန်းဥယျာဉ်နှင့်   အားကစား ကွင်းများဌာနမှ ဆောင်ရွက်နေ သော    လှိုင်သာယာအရှေ့ပိုင်း မြို့နယ်   ရန်ကုန်-ပုသိမ်လမ်းမ ကြီးပေါ်ရှိ ဘုရင့်နောင်ပန်းခြံ၌ အရှည်  ၁၃၄၆  ပေ   အကျယ် ရှစ်ပေရှိ  ပန်းခြံပတ်   Interlock လမ်းနှင့်   အရှည်    ၄၁ ပေ၊ အကျယ် ၂၄ ပေရှိ ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှေ့ လျှောက်လမ်း ကွန်ကရစ်ခင်းကျင်း နေမှု၊   မြက်စိုက်ပျိုး၍  မြေယာ ရှုခင်း   ပြုပြင်ဆောင်ရွက်နေမှု၊ မီးတိုင်စင်နှင့်  ရေငုတ်တိုင်များ ပြုလုပ်ဆောင်ရွက်နေမှုနှင့်  အား ကစား    လေ့ကျင့်ရေးကိရိယာ များ    တပ်ဆင်ထားရှိမှုတို့ကို လည်းကောင်း။


ဘုရင့်နောင်ပန်းခြံဘေးတွင် အင်ဂျင်နီယာဌာန         (ရေနှင့် သန့်ရှင်းမှု)မှ    ဆောင်ရွက်နေ သော လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်း   မြို့နယ်များသို့ ရေပေးဝေမည့်   ရေပေးဝေရေး ဇုန်(၉)   ရေစုကန်     Service  Reservoir  တည်ဆောက်ခြင်း အကြိုမြေပြင်လုပ်ငန်းများ ဆောင် ရွက်နေမှုကို   လည်းကောင်း။


မရမ်းကုန်းမြို့နယ် မင်းဓမ္မ လမ်း MCC   ခန်းမဝင်းအတွင်း ကိုဗစ်-၁၉ Quarantine Center ဖွင့်လှစ်ရန် Shine Construction Co.,မှ တာဝန်ယူတည်ဆောက် ထားသော  အလျား   ၁၁၅    ပေ၊ အနံပေ ၄၀   အကျယ်အဝန်းရှိ  အဆောင်သုံးဆောင် တည်ဆောက် ပြီးစီးမှု၊  Monitoring   Room ပြင်ဆင်ထားရှိမှု၊      အဆောင် တစ်ဆောင်လျှင် လူ ၆၀ ထားရှိ နိုင်ရန် ခင်းကျင်းပြီးစီးမှုနှင့် ရေချိုး ခန်း၊   အိမ်သာများ  ပြင်ဆင်ထား ရှိမှုတို့ကိုလည်းကောင်း       ကြည့်ရှုစစ်ဆေးပြီး     လိုအပ်သည် များ     မှာကြားခဲ့ကြောင်း   သိရ သည်။ 


သတင်းစဉ်