
နေပြည်တော် ဒီဇင်ဘာ ၂၁
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရ သည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ် မွေးမြူရေးစက်မှုဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းတွင် မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရဲကိုကိုအောင် မောင်းနှင်ပြီး လှဘုန်း၊ လှမျိုးခင်၊ ဇော်နိုင်လတ် တို့လိုက်ပါလာသည့် Mark-X မော်တော်ယာဉ်နှင့် လွင်ဖြိုးအောင် မောင်းနှင်ပြီး ထင်လင်းအောင်၊ ဝင်းမောင်နှင့် မဇာခြည်ထွန်း၊ မနာအိတို့ လိုက်ပါ လာသည့် Fielder မော်တော် ယာဉ်၊ သန့်ကိုဝင်း မောင်းနှင်ပြီး လှိုင်မျိုးအောင် လိုက်ပါလာသည့် Crown မော်တော်ယာဉ် သုံးစီးတို့ တွေ့ဆုံ ၍ ကြိုတင်ရောက်ရှိနေ သည့် ကျော်ကျော်၊ ချစ်ဇော်တို့ နှစ်ဦးနှင့် မူးယစ်ဆေးဝါးများ အရောင်းအဝယ် ပြုလုပ်နေစဉ် ၎င်းတို့အား ထိန်းသိမ်းရှာဖွေရာ Mark-X မော်တော်ယာဉ်ပေါ် ရှိ သံသေတ္တာအတွင်းမှ ဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ငါးသိန်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့ ၁၃ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်