လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်  နိုဝင်ဘာ  ၂၁


ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး  ရန်ကုန်မြို့ တော်       စည်ပင်သာယာရေး   ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်     ယနေ့နံနက်ပိုင်း တွင်   မှော်ဘီမြို့နယ်   ဆန်စပါး သုတေသနဌာန    မြေနေရာဝင်း အတွင်း    ဆောင်ရွက်နေသော လှိုင်မြစ်-လှော်ကား ရေအားဖြည့် စီမံကိန်းလုပ်ငန်းခွင်၌  မြေသား အကြို     အနည်ထိုင်ကန်တည် ဆောက်ပြီးစီးမှု၊ ရေဝင်မြောင်း တူးဖော်နေမှု၊   ရေတွန်းစက်ရုံ Basement Wall သံချည်သံကွေး လုပ်ငန်းနှင့်    ရေဂိတ်တံခါး  Base Slab Lean Concrete လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရေတွန်း စက်ရုံဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီးမှု၊ ပြည်လမ်းတစ်လျှောက် 1600 mm HDPE ပိုက်ဆက်သွယ် ခြင်းလုပ်ငန်းနှင့် ဖူးကြီး-လှော်ကား ၆၀  လက်မ  ကွန်ကရစ်ပိုက်သို့ ဆက်သွယ်ရန်   လုပ်ငန်းဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး  လိုအပ်သည်များကို   မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ မြို့တော်ဝန်သည် အင်းစိန်မြို့နယ် ပုလဲလမ်းမကြီး MEC        သံမဏိစက်ရုံရှေ့၌ အင်ဂျင်နီယာဌာန  (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ ဆောင်ရွက်နေသော အရှည်ပေ ၈၀၀၊ အကျယ် လေးပေ၊ အနက်ငါးပေရှိ   အုတ်ရေမြောင်း တည်ဆောက်နေမှုနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ၁၄ ရပ်ကွက် ဘုရင့်နောင်တံတားနှင့်    အောင် ဇေယျတံတားအကြား ဆိပ်ကမ်း သာလမ်းပေါ် မြေဧရိယာ ၃၁ ဧက တွင် Southern Metal Industry Co. Ltd. က တည်ဆောက်နေသော River Front Garden စီမံကိန်းသို့ သွားရောက်ပြီး စီမံကိန်းဆက်လက်    ဆောင်ရွက်နိုင်ရေး   တာဝန်ရှိသူ များနှင့်   တွေ့ဆုံညှိနှိုင်းဆွေးနွေး သည်။ 


ထို့နောက် မြို့တော်ဝန်သည် ကျောက်တံတားမြို့နယ်   မဟာ ဗန္ဓုလလမ်းရှိ   ရန်ကုန်မြို့တော် ခန်းမ၌ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က  ဆောင်ရွက် နေသော အလျား ပေ ၇၀၊ အနံ ၃၃ ပေ၊   အနက်  ခုနစ်ပေရှိ ရေဂါလန် တစ်သိန်းဆံ့    ရေစုကန်    RC Ground Tank တည်ဆောက်နေမှု လုပ်ငန်းကို   ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးသည်။


 သတင်းစဉ်