
နေပြည်တော် ဇန်နဝါရီ ၂၆
ကယားပြည်နယ် လွိုင်ကော်မြို့ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေးကို ယနေ့ နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကြဲချမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သတင်းတု၊ သတင်းမှား များကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ လွိုင်ကော်မြို့မှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေး မီးလောင်မှုဖြစ်ပွား ခဲ့ခြင်းမရှိပါကြောင်း၊ ၎င်းနှစ်ထပ် ဈေးသည် ဇန်နဝါရီ ၂၄ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ မှ လက်လုပ်လက်နက်ကြီး၊ လက် လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ် များကို ဖုံးကွယ်ပြီး ပြည်သူများ က လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေမည့်သတင်း တု၊သတင်းမှားများကို လူမှုကွန်ရက် များတွင် လုပ်ကြံရေးသားဖြန့်ဝေ နေပြီး နယ်မြေတည်ငြိမ်အေးချမ်း မှုကို ပျက်ပြားစေရန် လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်