လဟယ် ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး    နာဂ ကိုယ်ပိုင်     အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ၂၀၂၂  ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်   ကျရောက်သည့် နာဂရိုးရာ    နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် နာဂရိုးရာယဉ်ကျေး မှု   ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက    ရိုးရာ ယဉ်ကျေးမှုကွင်း၌     ကျင်းပ သည်။
ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ် ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်း သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    ဦးဇာနည်ဝင်း၊ နာဂစာပေ နှင့်    ရိုးရာယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ  ဦးပေါင်ခု တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး    နာဂရိုးရာဆုတောင်းတိုင်ကို စိုက် ထူကာ နာဂဒေသစီမံအုပ်ချုပ်ရေး    အဖွဲ့အတွင်းရေးမှူးက နှစ်သစ်ကူး နှုတ်ခွန်းဆက်   အမှာစကား  ပြော ကြားသည်။
ထို့နောက်  လဟယ်မြို့ နာဂ စာပေနှင့်        ရိုးရာယဉ်ကျေးမှု ကော်မတီနာယက ဦးမောင်ဉာဏ် က ကျေးဇူးတင်စကား ပြောကြား ကာ နှစ်သစ်ကူးလက်ဆောင်များ ကို တာဝန်ရှိသူများက ပေးအပ် သည်။ 
ယင်းနောက် တက်ရောက် လာသူများက    ရိုးရာပန်တုံးကို တီးခေါက်ပြီး    ရိုးရာအစားအစာ များနှင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ပါမင်းလှိုင်(လဟယ်)
 
      


