
မုံရွာ အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်သည် တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးသယံ ဇာတရေးရာ ဝန်ကြီးဦးတင်သန်းဝင်း၊ တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်း တွင် ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ပင်းမာကျေးရွာ ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ တံတားတည် ဆောက်အထူးအဖွဲ့(၂)မှ ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးအောင်သီဟက ချင်းတွင်းတံတား(ထမံသီ) တည် ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသ ကြီး ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့ကို ဆက် သွယ်ပေးမည့် ချင်းတွင်းမြစ်ကူး ချင်းတွင်းတံတား(ထမံသီ) တည် ဆောက်ပြီးစီးပါက လေရှီးမြို့နယ်၊ ဆွမ်ပရာမြို့နှင့် အနီးပတ်ဝန်းကျင် ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များ လူမှုစီးပွားရေးနှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် များစွာအကျိုး ပြုမည့် တံတားဖြစ်ပါ၍ တည် ဆောက်ရေး လုပ်ငန်းများကို အမြန်ပြီးစီးအောင် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တည် ဆောက်စေလိုကြောင်း၊လုပ်ငန်း ပမာဏကြီးမားပြီး အချိန်ပြည့် လုပ်ဆောင်နေကြ၍ လုပ်ငန်း ခွင် ဘေး အန္တရာယ်ကင်းရှင်းရေးကို လည်း သတိပြုစေလိုကြောင်း၊ တံတားတည်ဆောက်မှု လုပ်ငန်း များ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများနှင့် ၎င်းတို့၏ လယ် ယာစိုက်ပျိုးရေး ဆောင်ရွက်မှုများ ကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းတံတား(ထမံသီ) တည် ဆောက်နေမှုလုပ်ငန်းများ၊ ဘိုးပိုင် တူးခြင်းနှင့် ချဉ်းကပ်လမ်းဖောက် လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တံတားသည် ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ပင်း မာ-ထမံသီ-လေရှီး မြို့-ပန်ဆပ်-ဆွမ်ပရာမြို့ လမ်းပေါ်တွင် ချင်း တွင်းမြစ်ကိုဖြတ်၍ တံတားအမျိုး အစား သံကူကွန်ကရစ်တံတား ဖြစ်ပြီး တံတား အရှည် ၈၀၁ မီတာ x ၉.၄ မီတာ၊ တံတား အခန်းဖွင့် ၁၂၀ မီတာ၊ သံမဏိ သံပေါင် x ၄ ခန်း+မီတာ ၃၀ ကြိုတင်အားဖြည့် သံကူကွန် ကရစ် ရက်မ x ၁၀ ခန်း + မီတာ ၂၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ တစ်ခန်း၊ ရေလမ်းကင်းလွတ်အမြင့်ပေ ၄၀၊ အကျယ် ၃၃၈ ပေဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)