လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

 

နေပြည်တော်   အောက်တိုဘာ  ၄


ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊  အိန္ဒိယနိုင်ငံ  အင်ဒရာပရာဒေ့ရှ်ကမ်းလွန် တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။                                                        

မိုး/ဇလ