လောကနန္ဒာစွယ်တော်မြတ်စေတီတော်နှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ် ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ရေးလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး

 

နေပြည်တော်    ဇူလိုင်    ၇


လောကနန္ဒာစွယ်တော်မြတ်စေတီတော်နှင့်   လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့အား   ဧရာဝတီမြစ်ရေ တိုက်စားမှုမှ ကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 


လောကနန္ဒာစေတီတော်မြတ်  သည် ဧရာဝတီမြစ်ကမ်းဘေးတွင်  တည်ရှိပြီး    မြစ်ရေကြီးချိန်တွင် ရေစီးကြမ်းခြင်း၊ မြစ်ပြင်ကျယ် သဖြင့် လှိုင်းကြမ်းခြင်းတို့ကြောင့် စေတီတော် ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက်  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဘဏ္ဍာနှစ်အလိုက်  ကမ်းပါးထိန်း      လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 


“စေတီတော်အောက်  မြစ်ရေ ပြင်က နွေရာသီမှာ  ရေအဝင်ပိတ် ပြီး     အင်းကျန်အဖြစ်    ရှိတယ်။ ရေများချိန်မှာတော့        ရေနက် ကြောင်းက စေတီအနား ကပ်စီး ပြီး    အောက်ခြေကို      ဝဲလှည့် လှိုက်စားမှု    ဖြစ်ပေါ်လာတယ်။ စေတီရဲ့   အခြေက   နှစ်အလိုက် ပြုပြင်ထိန်းသိမ်းထားတော့    မြေ ထိန်းတမံရှိတယ်။  မြေထိန်းတမံ ကြောင့်    မြစ်ရေ   မတိုက်စားနိုင် ပေမယ့်    မြေထိန်းတမံ     တည် ဆောက်ထားခြင်း     မရှိသေးတဲ့  စွယ်တော်ရဲ့     အောက်ခြေဘက် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားလျက် ရှိတယ်။    ဒါကြောင့်     ကမ်းပြို ကာကွယ်ရေး    လုပ်ငန်းတွေကို     အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှု   ရန်ပုံငွေနဲ့    လုပ်ငန်း     ဆောင်ရွက်ခဲ့တယ်။   လုပ်ငန်းစတင်ဆောင်ရွက်တဲ့နေ့ကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖြစ်ပါတယ်။ ဒီမတိုင် ခင်ကတော့ လုပ်ငန်းဆောင်ရွက် ဖို့  survey  ပြုလုပ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။   ၂၀၂၂  ခုနှစ်   ဇွန် ၉ ရက်မှာ ရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ ပါတယ်”   ဟု   ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ   ဖွံ့ဖြိုးတိုးတက် ရေး   ဦးစီးဌာနမှ    အငယ်တန်း အင်ဂျင်နီယာ (၁) ဦးအောင်မိုး သောင်းက ပြောကြားသည်။

 


ရေအရင်းအမြစ်နှင့်     မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် လောကနန္ဒာစွယ်တော် မြတ် စေတီတော်နှင့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်        ကမ်းပြို ကာကွယ်နိုင်ရန်အတွက်အမျိုးသား           သဘာဝ     ဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှု        ရန်ပုံငွေကျပ်သန်း   ၁၀၀၀ ဖြင့် Bored  Pile  အခြေပြု   ကျောက်စီကမ်းထိန်းနံရံ       ပေ   ၂၀၀ နှင့် Gabion    Box     ကျောက်ဖြည့် ကမ်းထိန်းနံရံ ပေ ၈၀၀ ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း     သိရသည်။                              

ဟန်ရဲ