ရန်ကုန် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများသည် ဇူလိုင် ၂၆ ရက် နံနက်ပိုင်း က မင်္ဂလာဒုံမြို့နယ် လှော်ကားရေလှောင်ကန် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ၏ လှော်ကား ရေလှောင်ကန်ရှိ ရေလှောင်ကန် ကြီးများနှင့် အခြားကန်များဌာနစု ရုံး၏ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဌာနမှူး ဦးမြင့်ဇော် သန်းက လှော်ကားရေလှောင်ကန် ဆိုင်ရာ အချက်အလက်များ၊ ရေတွန်းစက်ရုံလုပ်ငန်း လည်ပတ် နေမှု၊ ရေလှောင်ကန်မှ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်သို့ နေ့စဉ်ရေဂါလန် သန်း ၉၀ ပေးဝေနေမှု၊ နေ့စဉ် တိုင်းတာ စစ်ဆေးလျက်ရှိသော ရေအရည်အသွေး Parameter များနှင့် ရေလှောင်ကန်၏ သမိုင်း အကြောင်းအရာများကို လည်း ကောင်း၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ တာဝန်ရှိသူများက လိုအပ် ချက်များအား ဖြည့်စွက်၍ လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
ဝန်ကြီးချုပ်က တင်ပြချက် များနှင့်စပ်လျဉ်း၍ ရေလှောင်ကန် သည် ၁၉၀၀ ပြည့်နှစ်က စတင် တည်ဆောက်ခဲ့ခြင်း ကြောင့် နှစ်ပေါင်းများစွာ ရန်ကုန်မြို့ လူထုအတွက် အကျိုးပြုလျက်ရှိ၍ တာကြံ့ခိုင်ရေးနှင့် ရေပေးပို့စနစ် များ အမြဲကောင်းမွန်စေရန် စဉ်ဆက်မပြတ် စစ်ဆေးနေရန်လို ကြောင်း၊ ရေလှောင်ကန်ရှိ စက် ပစ္စည်းများ ပျက်စီးမှုဖြစ်ပါက အမြန်ဆုံးပြုပြင်ရန်နှင့် အစားထိုး အသုံးပြုနိုင်ရေး အရန်စက်ပစ္စည်း များ ထားရှိရန် လိုအပ်ကြောင်း၊ စက်ပစ္စည်းများနှင့် ဝန်ထမ်းများ လုံခြုံမှုရှိစေရေး အမြဲမပြတ်သတိ ရှိရှိ ဆောင်ရွက်ကြရန် ပြောကြား ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နေ့စဉ်တိုင်းတာ စစ်ဆေးလျက်ရှိသော ရေအရည် အသွေးဓာတ်ခွဲခန်း၊ ရေတွန်းစက်ရုံ လုပ်ငန်း လည်ပတ်နေသော လုပ်ငန်းခွင်များကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)



