
နေပြည်တော် ဇူလိုင် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ နတ်ရေကန်သောဘိ တာရာမ ပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော်များ၊ သာသနာ့နွယ် ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်း တွင် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ က အဆိုပါစာသင်တိုက်၌ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသရေးအဖွဲ့က သံဃာ တော် ၁၃၈ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၁၂၃ ပါးနှင့် ဒေသခံ ပြည်သူ ၂၉ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးပြီး ECG စက်၊ Ultra-sound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ် သည့် သာသနာ့နွယ်ဝင် သီလရှင် ၁၁၉ ပါးတို့ကို ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး လဟယ်မြို့နယ် စံပြ ကျေးရွာရှိ အခြေခံပညာ မူလတန်း ကျောင်း၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၈၆ ဦး တို့ကို သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အသည်းရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေးသည်။
ထို့အတူ မန္တလေးတိုင်းဒေသ ကြီး အောင်မြေသာစံမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ရှင်အရဟံ သိမ်တော်၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က သံဃာတော် အပါး ၁၀၀၊ သာသနာ့နွယ်ဝင် သီလရှင် အပါး ၂၀ နှင့် ဒေသခံပြည်သူ ၁၆၅ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ် အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ဆက်လက်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် လိုအပ်သည့် သံဃာတော် ၁၂၆ ပါးနှင့် ဒေသခံပြည်သူ ၅၆ ဦး တို့ကို ဆေးကုသရေးအဖွဲ့၊ ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများ ကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များရှိ တပ်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်