လာမည့်ပညာသင်နှစ်မှ စတင်ပြီး ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်သွားမည်

 

နေပြည်တော် စက်တင်ဘာ ၂၇


လာမည့်ပညာသင်နှစ်မှ စတင်ပြီး ခရိုင် ၅၀ ရှိ အခြေခံပညာအထက် တန်းကျောင်း ၅၀ တွင်   စိုက်ပျိုး ရေး၊      မွေးမြူရေးနှင့်     စက်မှု ပေါင်းစည်း အထက်တန်းကျောင်း များ တွဲဖက်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးဇော်ဝင်းက  ယနေ့ကျင်းပသည့်    ပြည်တွင်း နေရပ်စွန့်ခွာသူများ      ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ         အမျိုးသားအဆင့်   ကော်မတီ၏            ပညာရေးနှင့်     ကျန်းမာရေးလုပ်ငန်း    ကော်မတီ    (ပထမအကြိမ်) အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

 


ဆက်လက်၍ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက     ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းနေ အရွယ်ကလေးတိုင်း ပညာသင်ယူ မှု    အခွင့်အလမ်းများရရှိစေရန် အတွက်   မည်သည့်ခွဲခြားမှုမျိုးမှ မရှိစေဘဲ    ကျောင်းသို့ရောက်ရှိ စေရန် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ သားတိုင်း KG+9 အခြေခံပညာ သင်ယူပြီးမြောက်ရေးကို အကောင် အထည်ဖော်    ဆောင်ရွက်နေ ကြောင်း၊ KG+9 အောင်မြင်ပြီးသူ များအနေဖြင့် စိုက်ပျိုးရေးအထက် တန်းကျောင်း၊ မွေးမြူရေးအထက် တန်းကျောင်းနှင့်     နည်းပညာ အထက်တန်း   ကျောင်းများသို့ တက်ရောက်လိုပါက တက်ရောက် နိုင်ကြောင်း၊ KG+9 ပြီးမြောက် သည်နှင့် သက်မွေးပညာသင်ကြား လိုသူများ   ဆက်လက်သင်ယူ နိုင်ရေးအတွက်          သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊   စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့နှင့်     ပူးပေါင်းချိတ် ဆက်     ဆောင်ရွက်ထားကြောင်း      ပြောကြားသည်။

 


အဆိုပါ   အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌     ကျင်းပခြင်း ဖြစ်ပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ၊        တိုင်းဒေသကြီး/ပြည်နယ်    ပညာရေးမှူးများ၊  ကုသရေးဦးစီးမှူးများ    တက် ရောက်ကြကာ      ပြန်လည်နေရာ ချထားရေးအတွက် ဆောင်ရွက် ထားရှိမှု၊ ကျောင်းပြင်ပ ပညာရေး လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု၊ ပြည်နယ်အတွင်း     ကိုဗစ်-၁၉ ကူးစက်ရောဂါ        ကာကွယ်ရေး၊ ကုသရေး ကြိုတင်ပြင်ဆောင်ရွက် ထားရှိမှုနှင့်   လုပ်ငန်းကော်မတီ အလိုက် လုပ်ငန်းများဆောင်ရွက် နေမှု       အခြေအနေများကို တင်ပြဆွေးနွေးကြကြောင်း    သိရ သည်။

 


ထို့ပြင် ယင်းအစည်းအဝေး၌ ဒုတိယဝန်ကြီးက    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ရှိ ကျောင်းပေါင်း ၃၃၁၆ ကျောင်း၌ ဆရာ   ဆရာမ   ၂၅၆၁၁  ဦးဖြင့် ကျောင်းသားဦးရေ ၅၅၉၉၀၇ ဦး ကို    ပညာသင်ကြားပေးလျက် ရှိကြောင်း၊ ယခုပညာသင်နှစ်တွင် မူလတန်းအဆင့်သင်၊       အလယ် တန်းအဆင့်သင်၊  အထက်တန်း အဆင့်သင် ကျောင်းပေါင်း  ၁၉၂  ကျောင်းကို      ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့ကြောင်း၊    နေရပ် စွန့်ခွာသူများအတွက်   အခြေခံ လိုအပ်ချက်များ   ဖြည့်ဆည်းပေး ရာတွင် ပညာရေးကဏ္ဍအနေဖြင့် လိုအပ်သည်များကို       မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ် တကျ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အလုပ်အကိုင်       အခွင့်အလမ်း များ    တိုးမြှင့်ရရှိစေရေးအတွက် ပြန်လည်     ဝင်ရောက်လာသည့် ကလေးများ၏   အသက်အရွယ်၊ ဉာဏ်ပညာနှင့်   လိုက်ဖက်စွာ KG+9 အခြေခံပညာသင်ယူနိုင်ရေး အတွက် စနစ်တကျ ဆောင်ရွက် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊   ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့်လည်း ကျန်းမာရေး ဆိုင်ရာ        ဆောင်ရွက်မှုများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်        ရှိကြောင်း၊ ကော်မတီအဖွဲ့များအနေဖြင့် မိမိ တို့ တာဝန်ကျရာ ကဏ္ဍအလိုက် လုပ်ငန်းများ အောင်မြင်ပြီးမြောက် ရေးအတွက်        အဘက်ဘက်က ဝိုင်းဝန်းပူးပေါင်း      အကောင် အထည်ဖော် ဆောင်ရွက်ကြစေလို ကြောင်း  ပြောကြားသည်။ 


သတင်းစဉ်