လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်မည်

ဗီယင်ကျန်း  ဒီဇင်ဘာ  ၁၃


လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး   စည်းကမ်းများနှင့်အညီ နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည် လည်ပတ်ရေးအတွက်  အစိုးရတာဝန် ရှိသူများနှင့်   ခရီးသွားလုပ်ငန်းကဏ္ဍမှ         စီးပွားရေးလုပ်ငန်း       လုပ်ကိုင်သူ      လုပ်ငန်းရှင်များ  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


လာအိုနိုင်ငံသည် နိုင်ငံ၏ခရီးသွား လုပ်ငန်းအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်   လုပ်ငန်းပြန်လည် စတင်လည်ပတ်ရန်       စီစဉ်ထားပြီး နိုင်ငံတကာမှခရီးသွားများကို    နိုင်ငံ အတွင်းသို့     ပြန်လည်လာရောက် လည်ပတ်ရေးအတွက် ဆွဲဆောင်ရန် စီစဉ် ထားကြောင်း သိရသည်။  လာအိုအစိုးရ သည် ၎င်းအတည်ပြုလိုက်သည့် အစိမ်း ရောင် ခရီးသွားလုပ်ငန်းဧရိယာ အစီအစဉ် အရ နိုင်ငံအတွင်းသို့ လာရောက်လည်ပတ် သည့်   ကမ္ဘာလှည့်ခရီးသည်များအား သွားရောက်လည်ပတ်ရန်   သီးသန့် သတ်မှတ်ထားသည့်  နေရာများသို့သာ  သွားရောက်  လည်ပတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဗီယင်ကျန်းတိုင်းမ်သတင်းစာ က ယနေ့ပြောကြားသည်။


အဆိုပါအစီအစဉ်အရ လည်ပတ်ရန် သီးသန့်သတ်မှတ်ထားမည့် အစိမ်းရောင် ခရီးသွားလုပ်ငန်းဧရိယာအတွင်း  ကမ္ဘာ လှည့်ခရီးသည်များ၏ လုံခြုံရေးအပါအဝင် ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှုမရှိစေရေး အတွက် အစီအမံများကို တာဝန်ရှိသူများ က    တိကျစွာဆောင်ရွက်သွားမည်        ဖြစ်ကြောင်း  သိရသည်။  ထို့ပြင်  ယခု ဆောင်ရွက်မည့် ခရီးသွားလုပ်ငန်းအစီ အစဉ်အသေးစိတ်ကို    လာအိုနိုင်ငံ အတွင်းရှိ ပြည်ပသံရုံးများနှင့် ခရီးသွားလုပ်ငန်းအေဂျင်စီများသို့လည်း  အသိပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ