ကယ်လီဖိုးနီးယား၌ တောမီးကြောင့် အမျိုးသားသစ်တောများကို ပိတ်ထားမည်

 

 

လော့စ်အိန်ဂျလိစ်  ဩဂုတ်  ၃၁


အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးနှင့်သစ်တောဌာနသည်     ဩဂုတ် ၃၁ ရက်ညမှစတင်ကာ ကယ်လီဖိုးနီးယားရှိ   အမျိုးသားသစ်တောများကို အများပြည်သူများ လာရောက်ခွင့် နှစ်ပတ်ပိတ်ထားမည်ဟု ကြေညာ သည်။  
ကယ်လီဖိုးနီးယားတွင် တောမီးပြဿနာကြောင့်  မီးသတ်တပ်ဖွဲ့ဝင် များ၏  လုံခြုံစိတ်ချရမှုနှင့် အများပြည်သူများအတွက် လုံခြုံစိတ်ချရစေရေး အာဏာပိုင်များက   ယခုလိုခက်ခဲသည့်  ဆုံးဖြတ်ချက်    ချမှတ်ရခြင်း ဖြစ်ကြောင်း  ကယ်လီဖိုးနီးယားဒေသ    သစ်တောအမှုထမ်းဖြစ်သူ ဂျနီဗာအမ်အီဘာလီအန်က ပြောသည်။ 
ဩဂုတ်  ၃၁  ရက်ညပိုင်းမှ စက်တင်ဘာ ၁၇ ရက်အထိ  အမျိုးသား သစ်တောများကို   ပိတ်သွားမည်ဟု  သတ်မှတ်ခဲ့သည်။ ဩဂုတ် ၃၀ ရက်ကြေညာချက်အရ ကယ်လီဖိုးနီးယားတစ်လွှားတွင် တောမီးလောင် မှုပေါင်း ၆၈၀၀ ကျော် ဖြစ်ပွားပြီး ဧကပေါင်း ၁ ဒသမ ၇သန်း မီးလောင်ခဲ့ ရသည်ဟု သိရသည်။                                                        ဆင်ဟွာ