ကယားပြည်နယ်အစိုးရက ဆောင်းနေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

 

လွိုင်ကော်      စက်တင်ဘာ    ၁၄


ကယားပြည်နယ်အစိုးရအဖွဲ့ကဦးစီး၍ ပြည်နယ် အတွင်းရှိ  ဆောင်းနေကြာ စိုက်ပျိုးတောင်သူ များအား   နေကြာမျိုးစေ့များကို စက်တင်ဘာ ၁၂  ရက်က အခမဲ့ထောက်ပံ့ပေးအပ်ပြီး  ယူရီး ယား ဓာတ်မြေဩဇာများကိုလည်း  သက်သာ သောနှုန်းထားဖြင့် ထောက်ပံ့ပေးသည်။

 


လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်းမ၌  ပြုလုပ်သည့်       ထောက်ပံ့ပေးအပ်ပွဲတွင်  ပြည်နယ်ဝန်ကြီးချုပ်       ဦးဇော်မျိုးတင်က   ပြည်နယ်အတွင်း        အဓိကသီးနှံများနှင့် ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးရာတွင်  ပန်းတိုင်အထွက်နှုန်းကောင်းစေသည့် နည်း လမ်းများကို  အသုံးပြုဆောင်ရွက်ရမည်ဖြစ် ကြောင်း  အမှာစကားပြောကြားသည်။

 


ထို့နောက်   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးက ပြည်သူ့အကျိုးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့များက ပြည်သူနှင့်အတူ  ပူးပေါင်း ဆောင်ရွက်နေမှု  အခြေအနေများကိုလည်း ကောင်း၊  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး  ဦးသန်းလှိုင်က နေကြာသီးနှံ စနစ်တကျ စိုက်ပျိုး ခြင်း၊ နွေစပါးတစ်ဧက တင်း ၁၀၀ ထွက်ရှိရေး နည်းစနစ်များကိုလည်းကောင်း    ရှင်းလင်း တင်ပြသည်။

 


ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက    လွိုင်ကော်မြို့နယ်ရှိ မထောခူကျေးရွာ၊   လောဓလေးကျေးရွာ၊ နွားလဝိုးကျေးရွာ၊ ဒီမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံ ကျေးရွာ၊ အိုကေကျေးရွာ၊ ဒေါဘူးကူးကျေးရွာ၊ မြလဲကျေးရွာ၊ ဆောင်ဒူရွာသစ်ကျေးရွာနှင့် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအုပ်စုများရှိ ဆောင်းနေကြာစိုက်ဧက ၂၃၀၁ ဧကအတွက် နေကြာမျိုးစေ့များကို တောင်သူများအား အခမဲ့ ထောက်ပံ့ပေးအပ်ကာ     ယူရီးယားဓာတ်မြေ ဩဇာများကို     သက်သာသောနှုန်းထားဖြင့် တောင်သူများထံ လက်ဝယ်အရောက်  ရောင်းချ ပေးခဲ့သည်။

 


ယင်းနောက် Good Brother’s   ကုမ္ပဏီ လီမိတက်မှ  တင်သွင်းထားသည့် နေကြာဆီ ကြိတ်စက်အပါအဝင် သီးနှံအခြောက်ခံစက် များနှင့်ပတ်သက်၍   တာဝန်ရှိသူတစ်ဦးက    ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်သည်  ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးပြခန်း များ၊   နေကြာဆီကြိတ်စက်   လက်တွေ့သရုပ်ပြ ဆောင်ရွက်နေမှုများကို  လှည့်လည်ကြည့်ရှု အားပေးသည်။                

ကိုဇင်(လွိုင်ကော်)