
လွိုင်ကော် စက်တင်ဘာ ၂၄
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ် အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများ နေထိုင်သည့် ဥတ္တရာရုံ ဘုန်းတော် ကြီးကျောင်းနှင့် လွိုင်ကော် ကက် သလစ် သာသနာ၊ ဧဝံဂေလိ စေတမန်၊ ဗဟိုသင်တန်းကျောင်း တို့သို့ သွားရောက်၍ ယာယီ တိုက်ပွဲရှောင် ပြည်သူများအား အခြေခံ စားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်း၊ ဆရာတော် ဘဒ္ဒန္တ ဇိနောဘာသအား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်း နှင့် လွိုင်ကော်ကက်သလစ် သာသနာ၊ ဧဝံဂေလိစေတမန် မူကြို၊ ဗဟိုသင်တန်းကျောင်းတို့၌ နေထိုင်ကြသော ယာယီတိုက်ပွဲ ရှောင် ပြည်သူများအား ရင်းရင်း နှီးနှီး တွေ့ဆုံကာ မိမိတို့၏ နေရပ်တွင် ပြန်လည်နေထိုင်နိုင် ရေး၊ လတ်တလော စားသောက်ရေး ကိစ္စများ အဆင်ပြေစေရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ ပြန်လည်ဆောင်ရွက်နိုင် စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှု များကို ရှင်းလင်းပြောကြား၍ အားပေးစကား ပြောကြားပြီး အိမ်ထောင်စု လူဦးရေအလိုက် အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)