
ပေကျင်း စက်တင်ဘာ ၂၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အတွင်း (၆) ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲများကို အွန်လိုင်းမှ တစ်ဆင့်နှင့် မြေပြင်အခမ်းအနား နှစ်မျိုး စလုံးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန် ပြည်နယ်နှင့် တောင်အာရှနိုင်ငံများ၏ ကုန်သွယ်ရေးအာဏာပိုင်များက ပူးပေါင်း ကျင်းပမည်ဖြစ်သည်။ ကုန်စည်ပြပွဲတွင် စတုရမ်းမီတာ ၁၃၀၀၀၀ ရှိ ပြပွဲခန်းမအတွင်း အစိမ်းရောင်စွမ်းအင်၊ ဇီဝဆေးပညာနှင့် ဆေးပညာ၊ အဆင့်မြင့်လယ်ယာကုန်ထုတ် လုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ပြခန်းကြီး ၁၃ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းပြပွဲကိုလည်း www.csa-expo.com မှတစ်ဆင့် တစ်ပြိုင်တည်းကျင်းပ မည်ဖြစ်သည့်အပြင် ၂၀၂၂ GMS စီးပွားရေး စင်္ကြံအုပ်ချုပ်ရေးမှူးများဖိုရမ်၊ (၃) ကြိမ် မြောက် တရုတ် - တောင်အာရှ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၊ (၁၀) ကြိမ်မြောက် ယူနန် - တိုင်ပေ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ညီလာခံအပါအဝင် ဖိုရမ်များ နှင့် တိုက်ရိုက်ထုတ်လွှင့်မှုလှုပ်ရှားမှုများ၊ (၁၅)ကြိမ်မြောက် တရုတ် - တောင်အာရှ စီးပွားရေးဖိုရမ်နှင့် (၁၈) ကြိမ်မြောက် အာဆီယံနိုင်ငံရပ်ခြား တရုတ်လုပ်ငန်းရှင်များ ညီလာခံကိုလည်း အွန်လိုင်းနှင့် အော့ဖ်လိုင်း တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်ကြောင်း ကူမင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးထံမှ သိရသည်။
၀၀၈