
မန္တလေး မတ် ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်း ပြည်နယ်ခွဲမှ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူ များက ကုန်သွယ်ရေး ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် သွားရောက် လေ့လာဆွေးနွေးလျက်ရှိကြောင်း သိရ သည်။
ကုန်စည်စီးဆင်းတင်ပို့မှုများ
ရှင်းလင်းပြသ
မတ်လ ၁၃ ရက်က မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းတာဝန်ရှိသူက မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အဖွဲ့ဝင် CEC / EC များ အား မူဆယ် (၁၀၅) မိုင်ဇုန် ဖရဲသခွားအစုံ Export- Import ကုန်သွယ်ရေးစခန်း ၌ ကုန်စည်စီးဆင်း တင်ပို့နေမှုများကို ရှင်းလင်းပြသခဲ့သည်။
စမ်းသပ်ဇုန်စီမံကိန်း ပြခန်းများ
မတ် ၁၄ ရက်တွင် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲမှ ဖိတ်ခေါ်မှုအရ တရုတ်နိုင်ငံ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် စခန်းမှ ပြည်ဝင်ရွှေလီ ဂိတ်စခန်းသုံးခု၊ ကျယ်ခေါင်ကျောက်မျက်ဈေး၊ ရွှေလီမြို့ နိုင်ငံတော် အလေးပေး စီးပွားရေးတံခါး ဖွင့် စမ်းသပ်ဇုန်စီမံကိန်း ပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး အစိုးရ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ကုန်စည်ပို့ဆောင်ရေး ဥယျာဉ်ဇုန်
မတ်လ ၁၅ ရက်တွင် ရွှေလီမြို့ စက်မှုဇုန် ကုန်စည်ပို့ဆောင်ရေးဥယျာဉ် ဇုန်သို့ MRCCI ဥက္ကဋ္ဌဦးဝင်းဌေးနှင့် CEC/EC များ လုပ်ငန်းကဏ္ဍအရ သက်ဆိုင် သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ သွားရောက်လေ့လာ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။
သီရိ