
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးရဲမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင် ကိုကို၊ ဦးစိုးနိုင်တို့ကို မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်း ဥက္ကဋ္ဌ ဦးခင်ထွန်း၊ ဘဏ္ဍာရေးမှူး ဦးစိန် လွင်တို့ ဦးဆောင်သောအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်က လမ်းမ တော်မြို့နယ် မင်းရဲကျော်စွာလမ်း ရှိကုန်သည်/စက်မှု အသင်းချုပ်ရုံး၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကုန်သည်/ စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း က လုပ်ငန်းကဏ္ဍစုံမှ အသင်းအဖွဲ့ များအနေဖြင့် ကုန်သည်/စက်မှု အသင်းချုပ် ညီနောင်အသင်း များအဖြစ် ဝင်ရောက်လိုခြင်း အတွက် ဝမ်းသာကြိုဆိုပါကြောင်း၊ ညီနောင်အသင်းဖြစ်ခြင်းဆိုင်ရာ အသင်းအဖွဲ့ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ အသင်းအဖွဲ့စည်းမျဉ်း အရ ညီနောင်အသင်းများသည် သက်ဆိုင်ရာ လုပ်ငန်းအလိုက်၊ ဒေသအလိုက် ကိုယ်စားပြုရမည် ဖြစ်ပြီး ညီနောင်အသင်းအဖြစ် လက်ခံရန် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အော်တို မိုတစ်အသင်း ဥက္ကဋ္ဌ ဦးခင်ထွန်းက အော်တိုမိုတစ်အသင်းအနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးရှိပြီး မိမိတို့နိုင်ငံ၏ သုံးစွဲ သူများအတွက်လည်း အကျိုးရှိစေ မည့် ရည်ရွယ်ချက်နှင့် အသင်း ကို တည်ထောင်ထားခြင်းဖြစ် ကြောင်း၊ ကုလသမဂ္ဂတွင် ၁၉၅၈ မော်တော်ယာဉ် ဥပဒေကို ပြဋ္ဌာန်း ထားခဲ့ပြီး နည်းဥပဒေ များစွာရှိပါ ကြောင်း၊ နည်းပညာ ပြောင်းလဲ လာသည်နှင့်အမျှ နည်းဥပဒေများ က အမြဲတမ်း Update လုပ်လေ့ ရှိကြကြောင်း၊ နိုင်ငံတကာမှ ၎င်းတို့နိုင်ငံနှင့် သင့်လျော်မည့် နည်းဥပဒေများကို စံချိန်စံညွှန်း နှင့် သတ်မှတ်ကြသည့်အတွက် မြန်မာနိုင်ငံတွင်လည်း အကောင် အထည်ဖော်စေချင်ကြောင်း၊မြန်မာ နိုင်ငံ၏ စျေးကွက်စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အော်တိုမိုတစ် ကဏ္ဍသည်လည်း အရေးပါသည့် အတွက် ကုန်သည်/စက်မှု အသင်း ချုပ်၏ ညီနောင်အသင်းဖြစ်ခြင်းမှ တစ်ဆင့် အချက်အလက်များကို သက်ဆိုင် ရာ အစိုးရကော်မတီများ သို့ တင်ပြပါက ပိုပြီးထိရောက်နိုင် ပါကြောင်း၊ လက်ရှိတွင် လျှပ်စစ် သုံး မော်တော်ယာဉ်(EV) Charg-ing Station တွင်လည်း ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ အသင်း ၏ လစဉ်လှုပ်ရှား ဆောင်ရွက်မှု များကို ကုန်သည်/စက်မှုအသင်း ချုပ်သို့ တင်ပြပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက် လာသည့် အသင်းသားရေးရာ ကော်မတီအဖွဲ့ဝင်များက မြန်မာ နိုင်ငံ အော်တိုမိုတစ်အသင်းအနေ ဖြင့် ကုန်သည်/စက်မှု အသင်းချုပ် ၏ ညီနောင်အသင်းအဖြစ် လျှောက်ထားရာတွင် လိုအပ်သည့် အရည်အချင်းများ ပြည့်စုံပါက အသင်းသားရေးရာ ကော်မတီမှ တစ်ဆင့် စီမံခန့်ခွဲရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီများသို့ ဆက်လက်တင်ပြ၍ ညီနောင်အသင်းအဖြစ် သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ အော်တိုမိုတစ် အသင်းသည် နာမည်ကျော်ကြား သော နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်သည့် Automotive Brands ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ကုန်သည်/စက်မှု အသင်းချုပ်တွင် ညီနောင်အသင်း ဝင်ဖြစ်ရန် လျှောက်ထားလျက် ရှိကြောင်း သိရသည်။
မျိုးမင်းသူရ