ကုန်သည်စက်မှုအသင်းချုပ် အနုညာတခုံသမာဓိသင်တန်း ဖွင့်လှစ်မည်

 

ရန်ကုန်    ဧပြီ   ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်သည် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရာ၌ ရင်ဆိုင်ကြုံတွေ့ရသော အငြင်းပွားမှုပြဿနာများကို နိုင်ငံတကာရှိ အနုညာတ    စီရင်ဆုံးဖြတ်ခြင်းနေရာများ၌    သွားရောက်ဖြေရှင်း လေ့ရှိကြရာ အချိန်ကုန်၊ ငွေကြေးသက်သာစွာဖြင့် ပြည်တွင်း၌ ဖြေရှင်း နိုင်စေရန်အတွက်   အကျိုးပြုစေသော   အနုညာတခုံသမာဓိပုဂ္ဂိုလ်များကို  ပြည်တွင်းအနုညာတစီရင်ဆုံးဖြတ်ခြင်းများ၊     အပြည်ပြည်ဆိုင်ရာ ကျင့်သုံးနေသည့်နည်းလမ်းများ၊ နိုင်ငံခြားအနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေဆိုင်ရာ ဗဟုသုတများ၊ လုပ်ထုံးလုပ်နည်းများ သိရှိနားလည်စေရန် အနုညာတ   ခုံသမာဓိသင်တန်းအမှတ်စဉ်  ၃/၂၀၂၃ ကို   ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို   မေ ၆ ရက်မှ  ၂၈ ရက်အထိ  စနေ၊ တနင်္ဂနွေ နေ့များတွင် နံနက် ၉  နာရီမှ မွန်းတည့် ၁၂  နာရီအထိ လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်း အမှတ် (၂၉) ရှိ ကုန်သည်စက်မှုအသင်းချုပ် တွင်  သင်ကြားပို့ချမည်ဖြစ်သည်။
သင်တန်းသို့တက်ရောက်လိုသော ပုဂ္ဂိုလ်များသည် အသိမှတ်ပြုဘွဲ့တစ်ခုခုရရှိထားပြီး သတ်မှတ်ထားသည့် သင်တန်းကြေး ပေးသွင်း ရမည် သင်တန်းပြီးဆုံးပါက Arbitrators စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ သင်တန်းသားဦးရေ ၄၀ သာ တက်ရောက်ခွင့်ပြုပြီး တက်ရောက်လိုသူများ သည် Google Form link  https://forms.gle/d6yr3PD4sXDaxv9v5 တွင် ဧပြီ  ၂၆  ရက် နောက်ဆုံးထား လျှောက်လွှာတင်သွင်းရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို   ဖုန်း - ၀၉၄၅၀၂၀၀၆၇၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
မျိုးမင်းသူရ