ကျုံပျော်မြို့နယ် သင်တောကြီးကျေးရွာသို့ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ကျုံပျော်   စက်တင်ဘာ  ၂၈


ပြည်သူများအနေဖြင့်   လက်ရှိ ဖြစ်‌ပေါ်နေသော    အခြေအနေ အမှန်များ၊    ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး   လုပ်ငန်း ဆောင်ရွက်‌နေမှုများကို သိရှိစေ ရန်အတွက်     စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ   ကွင်းဆင်းဆောင် ရွက်ခြင်းကို     ဧရာဝတီတိုင်း ဒေသကြီး        ကျုံပျော်မြို့နယ် သင်တောကြီးကျေးအုပ်စု တောင် ဖီလာ   ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ ၂၈ ရက် နံနက်  ၉ နာရီက    ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


ရှေးဦးစွာ အဆိုပါကျေးရွာရှိ အိမ်ထောင်စု ၁၂၀ ထံသို့ ‌အခြေခံ စားသောက်ကုန်    သုံးမျိုးအား ဈေနှုန်းချိုသာစွာ   ရောင်းချပေး ခဲ့ပြီး ဆားနှင့် ဟင်းသီးဟင်းရွက် များ        အခမဲ့ဖြန့်ဝေပေးကာ ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးBooster များ ထိုနှံပေးသည်။ 

 


ထို့နောက်    ကျောင်းတိုက် ဓမ္မာရုံတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး ကြီး  ဟိန်းမောင်မြင့်၊   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့်     အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ     ပါဝင်သည့် စစ်ကြောင်းကြီးငါးကြောင်းတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံရေး       အခြေအနေမှန်များ၊ ကျန်းမာရေး၊   စိုက်ပျိုးရေးနှင့် မြေပြင်လူဦးရေ     စာရင်းကိစ္စ၊ ယာဉ်/လမ်းစည်းကမ်း    ဆောင် ရွက်နေမှုများ၊    တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း‌သာယာ ရေးနှင့်    ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို     ကဏ္ဍ အလိုက်    ဆွေးနွေးကာ  ပြည်သူ များ၏     မေးမြန်းချက်အား သက်ဆိုင်ရာ        ဌာနများက  ပြန်လည်ရှင်းလင်း      ဖြေကြား ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)